Category Archives: News
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၈)နေ့တွင် (၀၉း၀၀)မှ (၁၁း၀၀)အထိ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ စေတီယျကျးရွာ၌ မုန်တိုင်းသဏ္ဍာန် တူဇာတ်တိုက်လေ့ကျင့်ခန်းကိုပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် စေတီယျကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း(၁၄၀)ဦးခန့် ပါဝင်ခဲ့ကြပါသည်။ ၎င်းနောက်မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများ မှ ရှင်းလင်းပြောကြားခဲ့ပြီး ခေါက်ဆွဲကြော်ကျွေးမွေးခြင်း၊ ရေသန့်ဗူးဝေငှခြင်း၊ သဘာဝဘေးအတွက်ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များ … Read more
-
ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည် ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာ၌ (၁၀-၉-၂၀၁၈) ရက်နေ့၊ (ဝရး၀၀) နာရီအချိန်ခန့်တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည် အိမ်ထောင်စု (၅) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၅) အိမ်ထောင်စာ (တန်ဖိုးငွေ (၉၂,၅၅၀/-) ကျပ်) အားလည်းကောင်း၊ လူနေအိမ် (၅) လုံးတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၃၁,၅၀၀/-) … Read more
-
ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် အလှူပစ္စည်းများ လာရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀၁၈) ခုနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအတွင်း ဖြစ်ပွားခဲ့သည့် ရေဘေးကြောင့် ဖျာပုံမြို့၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ နောက်မီးကျေးရွာအုပ်စုနှင့် ဘဝသစ်ကျေးရွာ အုပ်စုတို့၌ အိမ်ထောင်စု (၂၈၈) စုဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာ သြဝါဒါစရိယမြစ်သားဆရာတော် အမှူးပြုသော တပည့်သာဝကများမှ အလှူငွေ (၁၂,၆၅၉,၅၀၀/-) ကျပ်နှင့် (၃၃၆,၆၀၀/-) ကျပ် တန်ဖိုးရှိ မျက်နှာသုတ်ပုဝါ (၁၁၂) ထည် အားလည်းကောင်း၊ ဒေါက်တာတင့်စိုးလင်း၊ ညီမဒေါ်ပွင့်မာခိုင်မိသားစုနှင့် ညီအစ်ကိုမောင်နှမများ (ရွှေပုဇွန်မိသားစု)မှ အလှူငွေကျပ် (၁၀,၀၀၀,၀၀၀/-) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
================================================ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၃း၀၀) နာရီအချိန်မှ (၁၅း၀၀) နာရီအချိန်ထိ တာချီလိတ်မြို့နယ်၊ အ.မ.က မူလွန် ပါခုတ်၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ လူဦးရေ (၁၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မြန်မာရေလုပ်သားများအား သက်ဆိုင်ရာ အုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံပြီး မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာရေလုပ်သား (၈) ဦးအား မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ကြိုဆိုရေးအဖွဲ့ဖြင့် လက်ခံကြိုဆိုခဲ့ပြီး မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူးမှတဆင့် သက်ဆိုင်ရာ မိဘ/ အုပ်ထိန်းသူ ဆွေမျိုးများထံသို့ (၁၁-၉-၂၀၁၈) ရက်နေ့၊ (၁၂း၄၅) နာရီအချိန်တွင် ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #tny_Sep2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
================================================ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ တာချီလိတ်မြို့နယ်၊ အလက ဝမ်တုံ၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးပိုစတာများဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ လူဦးရေ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
================================================ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၈) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အ.ထ.က မြင်းကပါကျေးရွာ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၀) ဦးတို့အား မီးဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် လွိုင်လင်မြို့၊ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းခေါင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဦးစီးအရာရှိ (ဘေးစီမံ)မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများမှ သင်ခန်းစာများဆွေးနွေးဟောပြော ခဲ့ခြင်း၊ သင်တန်းသား/သူများမှ အဖွဲ့လိုက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းသား/သူ (၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂)ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကျောင်းတွင်းအခြေပြုအသိပညာပေးဆွေးနွေးပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၉.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဘိုကလေး မြို့နယ်၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရွေးချယ်ထားသော ကျောင်းသား/သူများ ကို ဦးစွာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လုပ်ဆောင်ရန်အတွက် ဆင့်ပွားသင်ကြားပေးခဲ့ပြီး မနက်ပိုင်းအစီအစဉ်ရပ်နားခဲ့ကာ နေ့လယ်ပိုင်းတွင် ၎င်းဆင့်ပွားသင်တန်းသားများမှ စာသင်ခန်းများအတွင်း တဆင့်ပြန်လည်သင်ကြားပြီး ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ကြပါသည်။ အခမ်းအနားတွင်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမား ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ဆရာ/မ၊ … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၈)ရက်နေ့ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ငလပွေ့ကျေးရွာတွင် ဖြစ်ပွားသောမီးဘေးအတွက် လုံးဝပျက်စီးအိမ်တလုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးတစ်သိန်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး တစ်အိမ်ထောင်စုစာနှင့် (၄)ဦးစာအတွက်တရက်လျှင်နှစ်ဘူးနှုန်းဖြင့် (၇)ရက်စာဆန်ရိက္ခာ(၇)ပြည်တို့အား (၁၁.၉.၂၀၁၈)ရက်နေ့တွင် မီးဘေးဖြစ်ပွားရာကျေးရွာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #rke_sep2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)









