Category Archives: News
-
ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့ရှိ အ.ထ.က (၂) ကျောင်း၌ (၂၄-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များအကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ကျောင်းသား/သူ (၂၀၀) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေးဗီဒီယိုပြသခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ငလျင်ဘေး အန္တရာယ်ဆိုင်ရာ ဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော ကမ္မဌာန်းကျောင်းဓမ္မာရုံအတွက် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်၊ နယ်မြေ (၂) ၌ (၁၇-၉-၂၀၁၈) ရက်နေ့၊ (၂၃း၃၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော ကမ္မဌာန်း ကျောင်းဓမ္မာရုံအတွက် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၄-၉-၂၀၁၈) ရက်နေ့ တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #shn_sep2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာ ယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့၊ ဈေးကြီးအနီး၊ ပြည်သူ့ဆေးရုံရှေ့၌ မီးဘေးအန္တရာယ်ဆိုင် ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် (၁) ခုအားလည်းကောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ငလျင်ဘေးအန္ တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် (၁) ခုအားလည်းကောင်း (၂၄-၉-၂၀၁၈) ရက်နေ့တွင် စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #ar_fir #mgy_sep2018
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၃.၉.၂၀၁၈)ရက်နေ့တွင် ပျဉ်းမနားမြို့နယ်အတွင်း ရွာသစ်ကျေးရွာ အုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် မီးဘေးဖြစ်ပွားမှုကြောင့် လူနေအိမ်(၁)လုံး မီးလောင်ကျွမ်းခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ဖိုးငွေ(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၀၅၀၀/-)ကျပ်နှင့် (၃၇၃၅၃/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စာတို့အား (၂၄.၉.၂၀၁၈)နေ့ (၁၁း၃၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_sep2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လက်ပတောကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာတို့၌ (၁၆.၉.၂၀၁၈)ရက်နေ့ လေဘေးသင့် ပြိုလဲ နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက် ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (ပလပ်စတစ်ပုံးပါ) (၁) အိမ်ထောင်စာ၊ လူ(၅)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ(၁၀၅၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၄)လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် ထောက်ပံ့ငွေ (၃၃၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄၀၅၀၀/-)ကျပ်တို့အား (၂၄.၉.၂၀၁၈)ရက်နေ့တွင် အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းကျေးရွာအုပ်စု ကျေးရွာ ၂ ရွာ၌ (၁၆-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲခဲ့သည့် နေအိမ် ၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ် ၊ အိမ်ထောင်စု (၃) စုရှိ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း … Read more
-
“သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၂/၂၀၁၈)” ဖွင့်လှစ်မှုသတင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၂/၂၀၁၈)” ကို (၁၉-၉-၂၀၁၈) ရက်နေ့မှ (၂၁-၉-၂၀၁၈) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ADRA (Myanmar)လူမှုဖွံ့ဖြိုးရေး၊ ကူညီရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၃-၉-၂၀၁၈)ရက်နေ့တွင်(၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ စီမံချက်ကျေးရွာဖြစ်သည့် မတူပီမြို့နယ်၊ ရမ်းစီးကျေးရွာ၌ ကျေးရွာနေပြည်သူ(၄၀)ဦးအား ဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အသိပညာ ပေးဟောပြောပွဲကျင်း ပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2018 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (နတလ) တွင် ကျောင်းအုပ်ကြီးနှင့် အုပ်ချုပ်သူများ၊ ကျောင်းသား/သူများ စုစုပေါင်း (၆၅) ဦးတို့အား ငလျင်ဘေးအန္တရာယ် အကြောင်းသိကောင်းစရာများနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source:ဖလမ်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #chn_Sep2018
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ကင်းတ ောင်ကျေးရွာ၌ (၁၇-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လူနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၅၀,၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ … Read more









