ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

24 Pic 03 24 Pic 0424 Pic 02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့ရှိ အ.ထ.က (၂) ကျောင်း၌ (၂၄-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များအကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ကျောင်းသား/သူ (၂၀၀) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေးဗီဒီယိုပြသခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ငလျင်ဘေး အန္တရာယ်ဆိုင်ရာ ဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Source:         ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar­_eqk

#ar­_fir

#ar­_str

#chn_sep2018

Sign Up

Upcoming Events