Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
================================================ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့ (၁၁း၀၀) နာရီမှ (၁၁း၃၀) နာရီအထိ မော်လိုက်မြို့နယ်၊ တွန်းပင်ကျေးရွာအလယ်တန်းကျောင်း၌ ပြုလုပ်သော သစ္စာစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားတွင် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သား၊ ကျောင်းသူ/သား စုစုပေါင်း (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကံသာကုန်းကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာ၌ (၄-၁၁-၂၀၁၈) ရက်နေ့၊ (၁၉း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) … Read more
-
ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုထည့်သွင်းပေါင်းစပ်ခြင်းဆိုင်ရာ ခရိုင်အဆင့်သင်တန်း ဖွင့်လှစ်ပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ခရိုင်စုပေါင်းရုံး၌ (၅-၁၂-၂၀၁၈) ရက်နေ့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုထည့်သွင်း ပေါင်းစပ်ခြင်းဆိုင်ရာ ခရိုင်အဆင့်သင်တန်းကို ဖွင့်လှစ်ခဲ့ရာ လွိုင်ကော်ခရိုင်ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်း (၃၀) ဦး သင်တန်းတက်ရောက်ပြီး သင်တန်းကာလမှာ (၃) ရက်ဖြစ်ပါသည်။ အဆိုပါသင်တန်း၌ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်မှူးနှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်မှူး တို့မှ သင်ခန်းစာများ ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်ခြင်း
================================================ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကလောမြို့၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား သင်တန်းသား (၅၀) ဦးဖြင့် (၂) ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၁၂-၂၀၁၈) ရက်နေ့၊ (၉း၃၀) နာရီမှ (၁၁း၃၀) နာရိအထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထိန်တောကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျောင်းသား/သူ (၃၀၀) ဦးနှင့် ကျေးရွာသား/သူ (၁၀၀) ဦး၊ စုစုပေါင်း (၄၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်း များဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၅/၂၀၁၈) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ (၅-၁၂-၂၀၁၈) ရက်နေ့၊ (၀၉:၀၀) အချိန်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၅/၂၀၁၈) ကိုဖွင့်လှစ်ခဲ့ရာ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်း သား/သူ (၃၀) ဦးတု့ိ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု ရွာမကျေးရွာ၌ (၃.၁၂.၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်နေအိမ် (၁၄)လုံး အိမ်ထောင်စု(၁၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၄၀၀,၀၀၀/-)ကျပ် စုစုပေါင်းလူဦးရေ (၆၁)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၂၈,၁၀၀/-)ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၅၂၈,၁၀၀/-)တို့အား (၅.၁၂.၂၀၁၈)ရက်နေ့ (၁၀း၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2018 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေး အသိပညာပေးဟောပြောခြင်းနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်း (စက်ကုန်း)၌ (၄-၁၂-၂၀၁၈) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်တွင် သဘာဝဘေး အသိပညာပေးဟောပြောခြင်းနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါအခမ်းအနား၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများ၊ ပြည်သူစစ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသား/သူ၊ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများ တွေ့ဆုံဆွေးနွေးမှုသတင်း
ဒီဇင်ဘာ ၄၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်ဆိုင် ရာအကြံချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ညှိနှိုင်း ဆွေးနွေး အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်တာဝန် ယူချိန်မှစတင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများဖြင့် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အကြံပြုချက်များကိုရယူခဲ့ပါကြောင်း၊ ဤအချက်များသည် အစိုးရသစ်၏ … Read more
-
ငလျင်အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) အချိန်တွင် မိုးညှင်းမြို့၊ စိမ်း လဲ့ကန်သာယာပန်းခြံအနီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရိပ်သာရှေ့၌ ငလျင်အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #kcn_dec2018









