Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား ဖွင့်လှစ်ခြင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ကရင်ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် အဆိုပါသင်တန်းသည် (၁၇-၁၂-၂၀၁၈) ရက်နေ့မှ (၂၁-၁၂-၂၀၁၈) ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
================================================= Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီမှ (၁၂း၃၀) နာရီအချိန်ထိ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ကျင်ခွါးကျေးရွာအုပ်စု၊ ဒါအိုချိန်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဘေးမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ/ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားနေစဉ် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားပြီးနောက်ဆောင်ရွက်ရမည့်နည်းလမ်းများကို ဟောပြောပို့ချခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ စုစုပေါင်း (၅၇)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ဘေး(၈)မျိုး အသိပညာပေးလက်ကမ်းစာစောင်များ … Read more
-
မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့ခြင်း
================================================= Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက်၌ (၁၄-၁၂-၂၀၁၈) ရက်နေ့၊ ည (၂၁း၁၀) နာရီအချိန်တွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုကြောင့် ပျက်စီးသွားသော နေအိမ် (ဓနိမိုး/ဝါးထရံကာ/ဝါးခင်း)(၁)လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)နှင့် လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၇)ပြည်တို့အား (၁၆-၁၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူ (၂၉၀) ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးခြင်းသတင်း
============================================ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ဝန်းချောင်းကျေးရွာ အထက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် နယ်နမိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် သပြုချောင်းကျေးရွာမှ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၅၆) ဦးနှင့် ကျောက်စည်တောင်ကျေးရွာမှ အိမ်ထောင်စု (၃၉) စု လူဦးရေ (၂၃၄) ဦး စုစုပေါင်းအိမ်ထောင်စု (၄၈)စု လူဦးရေ (၂၉၀) ဦးတို့သည် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အောက်သင်ပုန်းတန်းကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိလာပြီး ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ခိုလှုံလျက်ရှိပါသည်။ အဆိုပါ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ငွေကျပ် … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နှင့် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် တိုင်းရင်းသားများဖွံ့ဖြိုးရေး ဆောင်ရွက်
၁၅ ဒီဇင်ဘာ၊ ကလေးမြို့ စစ်ကိုင်းတိုင်းဒေသကြီးတွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကလေးဝမြို့သို့သွားရောက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ် များကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေ့ကလေးထိန်း ကျောင်းများနှင့် မူလတန်းကြိုကျောင်းများ မဖွင့်လှစ်ပေးနိုင်သေးသော ဒေသများအတွက် ရှေးဦး အရွယ်အလေးသူငယ်ပြုစုစောင့်ရှောက်ရေးနည်းလမ်းများဖြင့် မိခင်ဝိုင်းများဖွင့်လှစ်ပေးနိုင်ရန် အတွက် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိခင်ဝိုင်းများတွင် … Read more
-
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၁၂-၂၀၁၈)ရက်နေ့ (၀၉၃၀)နာရီမှ (၁၀၃၀)နာရီအချိန်ထိ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရေအောက်တောင်းကျေးရွာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သား စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့ (၁၃၃၀)နာရီမှ (၁၄၃၀)နာရီအချိန်ထိ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကွန်းတောင်းကျေးရွာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သား စုစုပေါင်း(၁၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့ (၁၁၃၀)နာရီမှ (၁၂၃၀)နာရီအချိန်ထိ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သာစည်ကျေးရွာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သား စုစုပေါင်း(၂၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့ (၀၉၃၀)နာရီမှ (၁၀၃၀)နာရီအချိန်ထိ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအထကကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သား စုစုပေါင်း(၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈)ရက်နေ့တွင် (၁၇၀၀)နာရီမှ (၁၈၃၀)နာရီအထိ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကွမ်းတောကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။









