Category Archives: News
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဲကုန်းမြို့နယ်၊ သီရိရတနာရပ်ကွက် ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းကိုဆောင်ရွက်ခဲ့ရာ လူဦးရေ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များဝေငှပေးခဲ့ကာ ရပ်ကွက်အုပ်စုအုပ်ချုပ်ရေးမှူးထံသို့ မီးဘေး/ ငလျင်ဘေး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_dec2018
-
Grace Happy Land မိဘမဲ့ ကလေးစောင့်ရှောက်ရေးဂေဟာသို့ ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၏(၇.၁၂.၂၀၁၈)ရက်နေ့ခရီးစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ အမှတ်(၅)သီတာအေးလမ်းရှိ Grace Happy Land မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာသို့ ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား Palm Spring Hotel ၌ ထောက်ပံံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #otr #kcn_dec2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၂.၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)နာရီမှ (၁၁း၀၀)နာရီထိ မြောင်းမြမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၇၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်သော အသိ ပညာများဖြန့်ဝေပေးခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်နှင့် ဘောလ်ပင်များဝေငှ ပေးခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2018 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
“ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် နောက် (၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။”
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်၊ အ.လ.က (ခွဲ) ကျောင်း၌ (၇-၁၂-၂၀၁၈ ) ရက်နေ့၊ (၁၀:ဝဝ) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိ ပညာပေးဟောပြောဆွေးနွေးခြင်းကိုဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၃၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ကျောင်းအတွင်း၌ နံရံကပ်ပိုစတာများကပ်ခြင်း တို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၇.၁၂.၂၀၁၈)ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မုဒုံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး တို့သည် မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် (၁၀း၀၀)နာရီမှ (၁၂း၀၀)အထိ သဘာဝဘေးအန္တရာယ်ဆိုင် ရာကြိုတင် ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ အသိပညာပေးဟောပြောဆွေးနွေးခြင်းအား ကျေးရွာနေပြည်သူ (၁၅၀)ဦးဖြင့် ဟောပြောဆွေးနွေး ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၂.၂၀၁၈)ရက်နေ့၊ (၀၉း၃၀)နာရီမှ (၁၁း၃၀)နာရီအထိ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ နတ်ကြီးကျွန်းကျေးရွာ၊ အ.လ.က(ခွဲ)ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျောင်းသား၊ ကျောင်းသူ(၂၅၇)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းဆောင်ရွက် ခဲြ့ပီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၊ ရပ်ကွက်(၈)၌ (၁-၁၂-၂၀၁၈)ရက်နေ့ (၁၃း၁၄)နာရီ အချိန်ဖြစ်ပွားခဲ့သည့် မီးဘေးတွင် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုး(၆,၃၀၀)ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀)ကျပ်တို့အား (၇-၁၂-၂၀၁၈) ရက်နေ့ (၁၂း၂၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_dec2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် (၆.၁၂.၂၀၁၈) ရက်နေ့(၁၀း၀၀)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ ကြရာ ကြိုတင်ဖျက် သိမ်းပြောင်းရွှေ့လူနေအိမ်(၂) လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ ဖိုး(၇)ရက်စာ (၁၈,၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/- )ကျပ်၊ စုစုပေါင်း(၂၁,၈၉၀၀/-)ကျပ်တို့အား ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၇.၁၂.၂၀၁၈)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ မိုးကွဲကျေးရွာ အုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အထက(ကျွန်းလှ)ရှိ ကျောင်းသူ/ကျောင်းသား (၄၀၀)ဦးအား သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ လည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)









