ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူ (၂၉၀) ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးခြင်းသတင်း

17 Pic 04 17 Pic 01 17 Pic 02 17 Pic 03 17 Pic 05
============================================

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ဝန်းချောင်းကျေးရွာ အထက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် နယ်နမိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် သပြုချောင်းကျေးရွာမှ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၅၆) ဦးနှင့် ကျောက်စည်တောင်ကျေးရွာမှ အိမ်ထောင်စု (၃၉) စု လူဦးရေ (၂၃၄) ဦး  စုစုပေါင်းအိမ်ထောင်စု (၄၈)စု လူဦးရေ (၂၉၀) ဦးတို့သည် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အောက်သင်ပုန်းတန်းကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိလာပြီး ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ခိုလှုံလျက်ရှိပါသည်။

အဆိုပါ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ငွေကျပ် (၆၀၉,၀၀၀ိ/) တန်ဖိုးရှိ ဆန်ရိက္ခာ (၇) ရက်စာနှင့် ကယ်ဆယ်ရေးပစ္စည်းများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက  ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events