Category Archives: News
-
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်းနှင့် ဂုဏ်ပြုခြင်းများဆောင်ရွက်မှု သတင်း
ဒီဇင်ဘာ ၂၀၊ နေပြည်တော် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာမိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားနှင့် အမျိုးသား အဆင့်ဆွေးနွေးပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသောအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း နှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (ECCDG Working Group) အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်များအား ပြုစုပျိုးထောင်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို … Read more
-
ဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၁၈)သင်တန်းသား၊ သင်တန်းသူများ ကွင်းဆင်းဆောင်ရွက် မှုသတင်း
လူူူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ ဦးဆောင်ဖွင့်လှစ်ခဲ့သော ဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၁၈)သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးတို့နှင့်အတူ (၂၀-၁၂-၂၀၁၈)ရက်နေ့တွင် သာဝတ္ထိကျေးရွာအုပ်စု၊ ကြံခင်း၊ ကွက်သစ်၊ စက်ရုံစုကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်မှု များပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ ရွာဗန်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ (၂၀-၁၂-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲ၌ လူဦးရေ (၄၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား လက်ကမ်းစာစောင်နှင့် ကွေကာအုပ်ထုတ်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #chn_dec2018
-
Church World Sevrices Myanmar (CWS) အဖွဲ့အစည်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဗီနိုင်းပိုစတာစိုက်ထူပေးမှု သတင်း
လူူူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Church World Services Myanmar(CWS) ဝန်ထမ်းများသည် (၂၀.၁၂.၂၀၁၈)ရက်နေ့တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ကိုးအိမ်တန်း အနောက်ကျးရွာတွင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာများ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိရပါသည်။ #ar #ayy_dec2018 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်တာဝန်ရှိသူများသည် (၂၁.၁၂.၂၀၁၈)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် မင်းကင်းမြို့၊ အ.ထ.က အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် ငလျင်နံရံကပ်ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒေသအဆင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဒေသအဆင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကို (၂၀-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) အချိန်မှ (၁ရး၃၀)အချိန်ထိ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပင်းတယနှင့် ရွာငံမြို့နယ်များမှ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စုစုပေါင်းလူဦးရေ (၁၃၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ (၂၀၁၉) ခုနှစ်၊ နွေရာသီကာလတွင် ကြုံတွေ့နိုင်သော ရေရှားပါးမှုအခြေအနေအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည့်အခြေအနေများအား … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ (၂၀.၁၂.၂၀၁၈)ရက်နေ့၊ (၁၂း၀၀)နာရီမှ (၀၁း၃၀)နာရီအထိ မုံရွာ ခရိုင်၊ မုံရွာမြို့နယ်၊ ကိုးရှင်းကျွန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ရွာသူရွာသား(၇၀)ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲြ့ပီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီး မှူးရုံးမှ ဒေါ်သန်းသန်းဝင်း(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ (၁၉.၁၂.၂၀၁၈)ရက်နေ့၊ (၀၁း၃၀)နာရီမှ (၀၂း၄၅)နာရီအထိ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ရွာသူရွာသား(၇၀)ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲြ့ပီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာအုပ်စု၊ သံဘိုကျေးရွာ၌ (၁၈-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀ိ/-) အား (၂၀-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၃၀) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်း
================================================= Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၈) ရက်နေ့တွင် ဗန်းမောက်မြို့နယ် အောင်သာကုန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၂၀၀) ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ၊ ဆပ်ပြာခဲများနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။









