ဒေသအဆင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း

21 Pic_01 21 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဒေသအဆင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကို (၂၀-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) အချိန်မှ (၁ရး၃၀)အချိန်ထိ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပင်းတယနှင့် ရွာငံမြို့နယ်များမှ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စုစုပေါင်းလူဦးရေ (၁၃၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ (၂၀၁၉) ခုနှစ်၊ နွေရာသီကာလတွင် ကြုံတွေ့နိုင်သော ရေရှားပါးမှုအခြေအနေအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည့်အခြေအနေများအား ဝိုင်းဝန်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#otr

#shn_dec2018

Sign Up

Upcoming Events