Category Archives: News
-
ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့်သက်ဆိုင်သော အသိပညာပေးဟောပြောခြင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမသို့ သွားရောက်၍ သဘာဝဘေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့်သက်ဆိုင်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ပါကြောင်းနှင့် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီဝင်များ၊ ပြည်သူလူထု (၁၀၀) ဦးခန့်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ကလေးမြို့နယ်၊ သဖန်းအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ရာ ကျေးရွာသူ/သားစုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ တက်ရောက်သူများထံ လက်ကမ်းစာစောင်များနှင့် ငလျင်နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: စစ်ကိုင်းတိုင်ဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်မှ (၁၄း၀၀) နာရီအထိ ရေဦးမြို့နယ် မြင်းပေါက်ကျေးရွာရှိ ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များအား ရွာသူ ရွာသား (၁၅၀) ဦးတို့အား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခြင်းတို့ဖြစ်ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်မှ (၁၃း၀၀) နာရီအထိ လွိုင်ကော်မြို့နယ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှိ သင်တန်းသား၊ သင်တန်းသူ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
================================================= Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် MPP နှင့်ပူးပေါင်း၍ (၂၇-၁၂-၂၀၁၈) ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ အစည်းအဝေး၌ ကော်မတီဝင်များနှင့် CSO လူမှုရေး အဖွဲ့အစည်းများမှ သဘာဝဘေး မဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း =============================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၇-၁၂-၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီအချိန်၌ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သင်္ဂဟ ကျောင်းတိုက်(ဓမ္မာရုံ)တွင် ပြည်သူလူထု(၁၆၀)ဦးဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် ပြည်သူလူထုအား လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သီပေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်း အနားအား ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်တာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း
================================================= Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအထိ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၌ ကျေးရွာသူ/သား အင်အား (၃၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
-
ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀) နာရီအချိန်တွင် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ဝန်ထမ်းအိမ်ရာနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင် ဦးစီးမှူးရုံးအနီး၌ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းအားဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဥက္ကဌနှင့်တာဝန်ရှိ သူများ တက်ရောက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားခဲ့ပါသည်။ ငလျင်ဇာတ်တိုက် လေ့ကျင့်ခြင်းအား ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီမှ (၂း၅၀) နာရီအထိ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ရွာသူ/သား (၂၀) ဦးနှင့် ကျောင်းသား/သူ (၁၃၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲြ့ပီး တက်ရောက်လာသူများအား လက်ကမ်း စာစောင်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2018









