Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြင်းကကုန်း ကျေးရွာအုပ်စု၊ မြင်းကကုန်းကျေးရွာ၌ ကျေးရွာသူ/သား (၁၅၀) ဦးခန့် အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်ပိုစတာများနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_feb2019
-
မွန်ပြည်နယ်၊သထုံမြို့နယ်တွင် စက်ရေတွင်းတူးဖော်ခြင်းနှင့်ရေစင်တည်ဆောက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊သထုံမြို့နယ်တွင် နွေရာသီ သောက်သုံးရေရှားပါးမှုကြုံတွေ့နေရသော သထုံမြို့နယ်၊ နန်းတောင်းကျေးရွာနှင့်ဝင်းပကျေးရွာအုပ်စု၊ ဒညင်းကုန်း ကျေးရွာနေ ပြည်သူများအတွက် စက်ရေတွင်းတူးဖော်ခြင်းနှင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးရွာ (၁)ရွာလျှင် ထောက်ပံငွေ(၇၈၀၀၀၀ဝိ)စီဖြင့် ဆောင်ရွက်ခဲ့ပြီး (၁၅.၂.၂၀၁၉)ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ ကျေးရွာရပ်မိရပ်ဖများ၊ စက်ရေတွင်းတူးဖော်ရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #mon_feb2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့၊ သာစည်ရပ်ကွက် (အောင်နန်းကုန်း) ၌ (၁၄-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်တို့အား (၁၅-၂-၂၀၁၉) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၁း၃၀) နာရီ အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ တပြေးကျေးရွာ၌ ကျေးရွာသူ/သား (၁၅၀) ဦးခန့် အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_feb2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် ကြို့ပင်ကောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ စုစုပေါင်းအင်အား (၁၅၀)ဦး ခန့်အား ဦးစီးဌာနလုပ်ငန်းဆောင်ရွက် မှုများအကြောင်း ရှင်းလင်းပြီး သဘာဝဘေး အန္တရာယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ ကြောင်း လက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_feb2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်၊ ကောင်းမှုအုပ်စု၊ ကောင်းမှုအောက်ကျေးရွာ၌ (၁၄-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၂၁) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၇၀၀/-) ကျပ်တို့အား (၁၅-၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #shn_feb2019
-
မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့တွင် လပွတ္တာမြို့သစ်၊ သပြေလမ်းအနီးတွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား လဲလှယ်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_feb2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_feb2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉)ရက်နေ့ (၁၅းဝဝ)နာရီအချိန်မှ (၁၆းဝဝ)နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ (၂၃)ရပ်ကွက်ရှိ ကျေးရွာသူ/သား(၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_feb2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ရန်ကုန်-မြောင်းမြ-လပွတ္တာအဝေးပြေးကားလမ်းမ မီတာ(၄၀၀)အဝေးပြေးကားဝန်းအနီးတွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား လဲလှယ်စိုက်ထူခဲ့ ကြောင်းသတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_feb2019









