လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြင်းကကုန်း ကျေးရွာအုပ်စု၊ မြင်းကကုန်းကျေးရွာ၌ ကျေးရွာသူ/သား (၁၅၀) ဦးခန့် အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်ပိုစတာများနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_feb2019