Category Archives: News
-
လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာအုပ်စုနှင့် ညောင်ကုန်းကျေးရွာ အုပ်စုများသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ကျောက်ကြီးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူငယ်ပရဟိတ အသင်းအဖွဲ့ဝင်များဖြင့် သွားရောက်ပြီး လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar_sgw # bgo_apr2019
-
ကျွန်းစုမြို့နယ်၊ သန္တုတ်ကျေးရွာ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ သန္တုတ်ကျေးရွာ၌ (၄-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်သေဆုံးသူ အမျိုးသား (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်တို့အား (၅-၄-၂၀၁၉) ရက်နေ့၊ (၁ရး၀၀) နာရီအချိန်တွင် သေဆုံးသူ၏ မိခင်နှင့် ဇနီးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #tny_apr2019
-
တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့ မော်တုန်းကျေးရွာအုပ်စု၌ (၄-၄-၂၀၁၉) ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာနှင့် လူဦးရေ (၂၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၂,၅၀၀/-) ကျပ်၊ အမိုးလန်အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်တို့အား (၅-၄-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) … Read more
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မာခရော်အရှေ့ကျးရွာအုပ်စု၊ ဒေါသဲကျေးရွာနှင့် မာခရော်ရှေ့ကျေးရွာများသို့ ရေဂါလံ (၃၀၀၀) ဆန့် ရေသယ်ယာဉ် (၂) စီးအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_ apr 2019
-
လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေလများတွင် လေပြင်းများ ကျရောက်နိုင်သဖြင့် (၆-၄-၂၀၁၉)ရက်နေ့၌ ပင်းတယမြို့နယ်၊ ကျားကုန်းကျေးရွာ၊ ဘုရားဖြူကျေးရွာ၊ တည်ပင်အပေါ် ကျေးရွာနှင့် တည်ပင်အောက်ကျးရွာများရှိ နေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်စေရေးအတွက် အမိုး၊ အကာများ ပြုပြင်ခြင်း၊ နေအိမ်များပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လေပြင်းဘေးဒဏ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ကျေးရွာများရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအဖွဲ့များ၊ ကျေးရွာနေပြည်သူများနှင့်အတူ ကွင်းဆင်းပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး … Read more
-
လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇ – ၄ – ၂၀၁၉) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စု၊ ဆင်ခြေရာကျေးရွာမှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့် နေအိမ်များအား မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်းလူငယ်များနှင့်ပူးပေါင်း၍ နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw #ayy_apr2019
-
တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့်ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၁၉) ရက်နေ့တွင် သံတွဲခရိုင်၊ဂွမြို့နယ်အတွင်း တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့် လုံးဝပျက်စီးခဲ့သည့်အိမ်ခြေ (၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ(၂)လုံး၊အိမ်ထောင်စု(၃)စု လူဦးရေ(၁၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)အား ကြွေချိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အတူကျေးရွာအတွင်းရှိ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ကွင်းဆင်း ထောက်ပံ့ခဲ့ပါကြောင်းသတင်း ရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) # otr # rke_apr2019
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၉) ရက်နေ့၊နံနက်(၁၀း၀၀)နာရီအချိန် တွင် စက်ရေတွင်းမရှိသည့်အတွက် သောက်သုံးရေများ ပြတ်လပ်လျက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ အရှေ့မြောက်ပိုင်းနှင့် နတ်ချောင်(တဲတိုက်)ရှိ အိမ်ခြေ(၁၀၀)လုံး၊ အိမ်ထောင်စု (၁၁၀)စု၊ လူဦးရေ(၅၅၀)ဦးခန့် အတွက် သောက်သုံးရေ(၆၀၀၀)ဂါလံကိုသွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_drg # mgy_apr2019
-
တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၉) ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ပြီး မီးဘေးသင့်အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)၊ ဘေးသင့်ပြည်သူ (၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၆၈၀၀/-)နှင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးစာနှင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးစာတို့ကို မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ (၇-၄-၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_fir … Read more
-
လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေလများတွင် လေပြင်းများ ကျရောက်နိုင်သဖြင့် (၆-၄-၂၀၁၉) ရက်နေ့၌ မကွေးမြို့နယ်၊ ၊ ကြိုးကြာကန်ကျေးရွာနှင့် ကြည်တစ်လုံးကျေးရွာတို့တွင် လေဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရန်အတွက် လေဘေးအန္တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်ရေး လုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များ ဖြစ်စေရေးအတွက် ကျေးရွာနေပြည်သူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar_sgw # mgy_apr2019









