လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့ မော်တုန်းကျေးရွာအုပ်စု၌ (၄-၄-၂၀၁၉) ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာနှင့် လူဦးရေ (၂၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၂,၅၀၀/-) ကျပ်၊ အမိုးလန်အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်တို့အား (၅-၄-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#tny_apr2019