Category Archives: News
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့တွင် မိုးကြိုကာလ ဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ဇလွန်မြို့နယ်၊ စွံပိကျေးရွာအုပ်စု၊ စွံပိကျေးရွာ၊ ကျည်းသုံးပင်ကျေးရွာ၊ သင်္ကန်းပင်ကျေးရွာ၊ နတ်ဖောင်ဆိပ်ကျေးရွာ၊ သရက်ချောင်းကျေးရွာနှင့် သနဲသပေါက်ကျေးရွာများရှိ နေအိမ်များအနက်မှ အိမ်ခြေ (၃၀) လုံးအား ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည် ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw … Read more
-
Cyclone Shelter တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့၌ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စုတွင် တည်ဆောက် လျှက်ရှိသော Cyclone Shelter၏ တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။#otr #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး
-
မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ် ခင်ဖောင်ကျေးရွာအုပ်စု၊ ရွှင်းတွီကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ/အိမ်ထောင်စု (၂)စု (တစ်စိတ်တစ်ပိုင်းပျက်စီး)မှ လူဦးရေ (၁၀)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်တန်ဖိုးငွေ (၂၁,၀၀၀)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၁)မျိုး(၂)အိမ်ထောင်စာနှင့် လပ်စတစ်ပုံးလက်ကိုင်ပါ(၂)ပုံး တို့အား (၂၄-၄-၂၀၁၉)ရက်နေ့တွင် မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများထံထောင်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လှည်းကူးမြို့နယ်၊ မြို့ဝင်ဆိုင်းဘုတ်အနီး ရေဘေး အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉)ရက်နေ့၌ ပြည်သူများ သဘာဝဘေးနှင့် ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များအား သိရှိနိုင်ရေးအတွက် လှည်းကူးမြို့နယ်၊ မြို့ဝင်ဆိုင်းဘုတ်အနီး ရေဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # ygn_apr2019
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များ ကျရောက်နိုင်သဖြင့် မြန်အောင်မြို့နယ်၊ ကွင်းကြီးဒေါင့်အုပ်စုရှိ နေအိမ်များအနက်မှ အိမ်ခြေ (၃၀)လုံးကို ကျေးရွာအုပ်စု/ရပ်ကွက်ကော်မတီဝင်များ ရပ်မိရပ်ဖများ စေတနာ့ဝန်ထမ်းများနှင့်အတူ (၂၄-၄-၂၀၁၉)ရက်နေ့တွင် လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မှော်ဘီမြို့နယ်၊ မြို့ဝင်ဆိုင်းဘုတ်အနီး ရေဘေး အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉)ရက်နေ့၌ ပြည်သူများ သဘာဝဘေးနှင့် ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များအား သိရှိနိုင်ရေးအတွက် မှော်ဘီမြို့နယ်၊ မြို့ဝင်ဆိုင်းဘုတ်အနီး ရေဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # ygn_apr2019
-
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးသောင်းငွေ(တဲတိုက်)၊ ဦးကျော်စိန်(တဲတိုက်) ရှိ ပြည်သူများ သောက်သုံးရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၂၀)လုံး၊ အိမ်ထောင်စု (၁၂၅)စု၊ လူဦးရေ(၅၉၀)ဦးခန့် အတွက် သောက်သုံးရေ (၆၀၀၀)ဂါလံ အား (၂၄-၄-၂၀၁၉)ရက်နေ့၊ (၁၀၃၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
မွန်ပြည်နယ်ဦးစီးမှူးမှ ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်မှူးမှ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး ယာယီဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် ချောင်းဆုံမြို့နယ်ဦးစီးမှုးရုံးတည်ဆောက်မည့်မြေနေရာအား (၂၄-၄-၂၀၁၉) ရက်နေ့က သွားရောက်ကြည့်ရှု့၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ဇလွန်မြို့နယ်၊ ရေလဲကျေးရွာအုပ်စ၊ု ဒေါ်ငြိမ်းကုန်းကျေးရွာနှင့် ကျွန်းကြီးကျေးရွာများရှိ နေအိမ်များအနက်မှ အိမ်ခြေ (၃၀) လုံးအား (၂၃-၄-၂၀၁၉) ရက်နေ့၌ ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်၊ မယ်ဇလီပင်ကုန်းကျေးရွာအုပ်စု၊ မယ်ဇလီပင်ကုန်းကျေးရွာ၌ (၂၄-၄-၂၀၁၉) ရက်နေ့ နံနက် (၀၈း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၂) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀/-) (ကျပ်တစ်သိန်းလေးထောင့် နှစ်ရာကျပ်တိတိ) … Read more









