လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ် ခင်ဖောင်ကျေးရွာအုပ်စု၊ ရွှင်းတွီကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ/အိမ်ထောင်စု (၂)စု (တစ်စိတ်တစ်ပိုင်းပျက်စီး)မှ လူဦးရေ (၁၀)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်တန်ဖိုးငွေ (၂၁,၀၀၀)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၁)မျိုး(၂)အိမ်ထောင်စာနှင့် လပ်စတစ်ပုံးလက်ကိုင်ပါ(၂)ပုံး တို့အား (၂၄-၄-၂၀၁၉)ရက်နေ့တွင် မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများထံထောင်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။