Category Archives: News
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
(၃.၅.၂၀၁၉)ရက်နေ့နံနက်(၁၀:၀၀)မှ(၁၂:၀၀)အချိန်ထိ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ထောင်စု(၁၀၀)၊ လူဦးရေ( ၄၆၀)ဦးအတွက် သောက်သုံးရေဂါလံ(၁၆၀၀)နှင့် ပုပ္ပါးကုန်းရပ်ကွက်ရှိ အိမ်ထောင်စု (၅၅)၊လူဦးရေ (၃၀၀)ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀)စုစုပေါင်းရေဂါလံ (၃၂၀၀)တို့အား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #npw_may2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
(၂.၅.၂၀၁၉)ရက်နေ့ နံနက်(၉:၀၀)မှ (၁၂:၀၀)အချိန်ထိ ပုဗ္ဗသီရီမြို့နယ် ဝဲကြီးအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် အိမ်ခြေ(၁၂၅)၊ လူဦးရေ (၅၀၄)အတွက် လူမူဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သောက်သုံးရေဂါလံ (၁၆၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ #npw_may2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ(၁၁:၀၀)နာရီထိ မိုင်းဆတ်ခရိုင် ၊ မိုင်းဆတ်မြို့နယ်၊ မယ်ဆတ်ကျေးရွာအုပ်စု ၊ ကျတီကျေးရွာတွင် ပြည်သူလူထု (၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_may2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၄-၂၀၁၉)ရက်နေ့၌ ရေဦးမြို့၊အောင်မင်္ဂလာရပ်ကွက်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ (၄) ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်တန်ဖိုးငွေ(၂၀၀,၀၀၀)ကျပ်နှင့် ဆန်ဖိုးငွေ (၈,၄၀၀)ကျပ်၊စုစုပေါင်း (၂၀၈,၄၀၀)ကျပ်တို့ကို (၃၀-၄-၂၀၁၉)ရက်နေ့ ညနေ (၀၄:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ #ha_fir #sgg_may2019 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၄၄/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့ မြန်မာစံတော်ချိန်(၀၈:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ——————————————————- (က) ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းရိုးတန်းပေါ်တွင် တည်ရှိနေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဖန်နီ”(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား ကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်သို့ ရောက်ရှိခဲ့ကာ၊ ဘလာဆောမြို့(Balasore) ၏ မြောက်-အရှေ့မြောက်ဘက် မိုင်(၈၀)ခန့်၊ ကိုးလ်ကတ္တားမြို့(Kolkata)၏ အနောက်ဘက် (၂၅)မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic … Read more
-
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၄၃/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ============================== (က)ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ပူရီမြို့ (Puri)အနီးမှ ဖြတ်ကျော်ခဲ့သော အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm) “ဖန်နီ”(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားကာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဖန်နီ”(FANI)အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဘလာဆောမြို့(Balasore)၏ အရှေ့ မြောက်ဘက် (၂၅)မိုင်ခန့်၊ ကိုးလ်ကတ္တားမြို့(Kolkata)၏ … Read more
-
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၄၂/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၃)ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်ထုတ်ပြန်ချက်) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ =================================== (က)ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက် များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းခြေကို ပူရီမြို့(Puri)အနီးမှ ဖြတ်ကျော်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဖန်နီ” (FANI) သည် မြောက်-အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ ဘူဘန်နီဆွာမြို့(Bhubaneswar)၏ အရှေ့ မြောက်ဘက် (၁၅) မိုင်ခန့်၊ ဘာရီပဒမြို့(Baripada)၏ တောင်-အနောက်တောင်ဘက် (၉၅) … Read more
-
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၄၁/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ———————————————————————– (က) ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းခြေကို ပူရီမြို့(Puri) အနီးမှ ဖြတ်ကျော်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “ဖန်နီ”(FANI)သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဖန်နီ” (FANI) အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား ကာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉) ရက်နေ့၌ ကသာမြို့နယ်၊ ဟဲနားကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား (၇၀) ဦးခန့်ကို သဘာဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #sgg_may2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၄၀/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းခြေကို ပူရီမြို့(Puri) အနီးမှ ဖြတ်ကျော်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “ဖန်နီ”(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ မြောက်ဘက် (၁၀) မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic … Read more









