(၃.၅.၂၀၁၉)ရက်နေ့နံနက်(၁၀:၀၀)မှ(၁၂:၀၀)အချိန်ထိ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ထောင်စု(၁၀၀)၊ လူဦးရေ( ၄၆၀)ဦးအတွက် သောက်သုံးရေဂါလံ(၁၆၀၀)နှင့် ပုပ္ပါးကုန်းရပ်ကွက်ရှိ အိမ်ထောင်စု (၅၅)၊လူဦးရေ (၃၀၀)ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀)စုစုပေါင်းရေဂါလံ (၃၂၀၀)တို့အား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
#npw_may2019
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)