Category Archives: News
-
ထီးလင်းမြို့နယ် လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာ၊ အုံးတွဲကျေးရွာ၊ အိုင်းမကျေးရွာ၊ အုံးနှောက်ကျေးရွာ၊ နွယ်ပျင်းကျေးရွာ၊ ကြူသာကျေးရွာနှင့် တောမကျေးရွာတို့တွင်(၂၂-၅-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ခြေ (၅၆)လုံး၊ အိမ်ထောင်စု (၅၆)စု၊ လူဦးရေ (၂၅၆) ဦး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် ဆန်ရိက္ခာဖိုး (၅၃၇,၆၀၀)ကျပ်၊ ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုး (၃,၀၁၀,၀၀၀)ကျပ်၊ စုစုပေါင်း(၃,၅၄၇,၆၀၀) ကျပ်တို့အား (၂၇-၅-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ကြောင်း သိရှိရပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မေလ (၂၅) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ မိသလင် ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာတွင် လေဘေးဖြစ်ပွားခဲ့ရာ မေလ (၂၇) ရက်နေ့တွင် ပြိုလဲအိမ် (၁) အိမ် အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (စက္ကူပုံးပါ) (၁) အိမ်ထောင်စုစာ၊ ဆန်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၈၄၀၀) ကျပ်တို့ကို ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉) ရက်နေ့၌ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဆန်းလွှတ်ချက်တောင်၌ မြေပြိုသည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ သေဆုံးသူ (၂) ဦးအတွက် သေဆုံးထောက်ပံ့ငွေ ကျပ် (၆၀၀၀၀၀)/-နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦးအတွက် ထိခိုက်ဒဏ်ရာရရှိမှုထောက်ပံ့ငွေ ကျပ် (၁၀၀၀၀၀)/- စုစုပေါင်းထောက်ပံ့ငွေကျပ် (၇၀၀၀၀၀/)-အား (၂၇ -၅ -၂၀၁၉)နေ့ တွင် ခရိုင်အထွေအထွေအုပ်ချုပ်ရေးမှူးရုံး၌ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ ခေါင်လန်ဖူးမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #kcn_may2019 Source: … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီ ခရိုင်၊ သာယာဝတီမြို့နယ် အတွင်း၌ (၆/၁၆/၁၉/၂၁/၂၂-၅-၂၀၁၉) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၃၄) လုံးနှင့် အမိုးလန်နေအိမ် (၁၃၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၅၈၉၃၅၀/-) ကျပ်၊ ပြိုလဲ အိမ်ထောင်စု (၃၄) စုရှိ လူဦးရေ (၁၂၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၆၈၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၅၈၁၅၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး … Read more
-
သဘာဝဘေးလျော့ပါးရေး လူငယ်ဆင့်ပွားသင့်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ယင်းမာပင်မြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၇-၅-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် သဘာဝဘေး လျော့ပါးရေး လူငယ်ဆင့်ပွားသင့်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ် ဆိုင်ရာဝေါဟာရများနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောပို့ချခြင်း၊ တီရှပ်၊ မိုးကာ၊ ဦးထုပ်၊ ဓာတ်မီး စသည့် သင်တန်းသုံးပစ္စည်းများဖြည့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၅.၂၀၁၉)ရက်နေ့ (၁၅:၃၀)အချိန် မှ(၁၇:၀၀)အချိန်အတွင်း ကျောက်တော်မြို့နယ်အတွင်း ကျေးရွာ (၄)ရွာနှင့်ရပ်ကွက် (၁) ခုမှ လုံးဝပျက်စီးသွားသောနေအိမ် (ဓနိမိုး/ဝါးကား/ ဝါးခင်း) အိမ်ထောင်စုအတွက်(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး ၊အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊အမိုးလန်ပျက်စီးသွားသော နေအိမ်(သွပ်မိုး/ဓနိမိုး/ဝါးခင်း/ဝါးကာ) အိမ်ထောင်စု(၉)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁၈၀,၀၀၀)ကျပ်နှင့် လူဦးရေ(၆၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၃၆,၅၀၀)ကျပ်တို့အား (၂၂.၅.၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #rke_may2019 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၆-၅-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ရှင်မတောင် တောင်ပေါ်တွင် သီတင်းသုံးနေထိုင်သော အရှင်သံဃာတော်များ၊ သီလရှင်များနှင့် တောတွင်းတိရစ္ဆာန်များအတွက် သောက်သုံးရေ ဂါလံ(၃၆၀၀)ကို ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အား တောင်ခြေတွင်ထားရှိပြီး သောက်သုံးရေ(၅)ဂါလံဆန့်ပုံးများအား ကားငယ်များပေါ် တင်ဆောင်၍ ပို့ဆောင်ဖြန့်ဝေခဲ့ပါသည်၊၊ သောက်သုံးရေဖြန့်ဝေနိုင်ရန်အတွက် သီဟိုဋ္ဌ်ရှင် ဘုရားကြီးဂေါပကအဖွဲ့ ရေတိုင်၊ ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာန ရေတိုင်တို့မှ ရေကားသို့ သောက်သုံးရေ အခမဲ့ဖြည့်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ပါသည်၊၊ သောက်သုံးရေဖြန့်ဝေရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းသက်ခိုင်၊ ကမ္ဘာမြေချစ် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀/၂၁/၂၄-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၉) လုံးနှင့် အမိုးလန်နေအိမ် (၄၀) လုုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၂၂၂၅၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၉) စုရှိ လူဦးရေ (၃၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၁၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၉၃၉၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (ပလပ်စတစ်ပုံး အပါ) … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ခန္တီးမြို့၊ မြို့မရပ်ကွက်၌ (၂၅-၅-၂၀၁၉)နေ့ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့် အိမ်ထောင် စုအတွက် Family kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)နှင့် ဆန်ရိက္ခာဖိုး( ၁၄,၇၀၀) တို့ကို (၂၆-၅-၂၀၁၉) ရက်နေ့တွင် ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #sgg_may2019 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှု အခက်အခဲ ကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ(တောင်တဲတိုက်) ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၀၀) လုံး၊ အိမ်ထောင်စု (၁၁၅) စု၊ လူဦးရေ (၅၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၆-၅-၂၀၁၉) ရက်နေ့တွင် ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_may2019









