ထီးလင်းမြို့နယ် လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

 

27_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာ၊ အုံးတွဲကျေးရွာ၊ အိုင်းမကျေးရွာ၊ အုံးနှောက်ကျေးရွာ၊ နွယ်ပျင်းကျေးရွာ၊ ကြူသာကျေးရွာနှင့် တောမကျေးရွာတို့တွင်(၂၂-၅-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ခြေ (၅၆)လုံး၊ အိမ်ထောင်စု (၅၆)စု၊ လူဦးရေ (၂၅၆) ဦး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် ဆန်ရိက္ခာဖိုး (၅၃၇,၆၀၀)ကျပ်၊ ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုး (၃,၀၁၀,၀၀၀)ကျပ်၊ စုစုပေါင်း(၃,၅၄၇,၆၀၀) ကျပ်တို့အား (၂၇-၅-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ကြောင်း သိရှိရပါသည်။

#ha_sgw
#mgy_may2019

Source:ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events