Category Archives: News
-
ကောလင်းမြို့နယ်ဦးစီးမှူးရုံး၌ မြေပြင်လက်ကျန်စာရင်းများ ကောက်ယူစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများနှင့် ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃-၇-၂၀၁၉) ရက်နေ့တွင် ကောလင်းမြို့နယ်ဦးစီးမှူးရုံး၌ မြေပြင်လက်ကျန်စာရင်းများ ကောက်ယူ စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #sgg_jul2019
-
DAN Mobile App နှင့်ပတ်သတ်၍ အသုံးပြုပုံ/နည်းများကို ရှင်းလင်းပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူများ သည် (5.7.19)ရက်နေ့တွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးများမှဝန်ထမ်းများ၊ ထားဝယ်မြို့နယ် အတွင်းရှိ ဖုန်းဆိုင်များအား DAN Mobile app ဖြန့်ဝေခြင်း၊ အသုံးပြုပုံ/နည်းများ ရှင်းလင်းပြောကြား၍ ကြော်ငြာစတေကာများလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2019 Source: တနသာၤရီတိုင်းဦးစီးမှူးရုံး
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၉) ရက်နေ့တွင် လွိုင်ကော်မြို့၊ နည်းပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၆၀) ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဝေငှပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_jul2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ(၁၁း၀၀)နာရီအထိ မိုင်းဆက်မြို့နယ်၊ ကာနရပ်ကွက် အ-လ-က ကျောင်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို သဘာဝဘေးအသိပညာပေလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် DAM application အကြောင်းအား ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မိုင်းဆက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar # shn_jul2019
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ်အဟောင်းတွင် လိုအပ်သောပြုပြင်မွမ်းမံမှုများ ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့် နားလည်သဘောပေါက်စေရန် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀းဝဝ) နာရီ အချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ်အဟောင်းကို လိုအပ်သော ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဆောင်၍ (Centre For Good Governance CGG) အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ရေဘေးတစ်ခုဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို နားလည်သဘောပေါက်စေရန်အတွက် သရုပ်ပြလေ့ကျင့်ခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါကြောင်း … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မဲဇလီ ကျေးရွာအုပ်စု၊ ရွှေတွင်းတူးကျေးရွာ၌ (၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျ ပျက်စီးနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၂) လုံး၊ စုစုပေါင်းနေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၇) ဦးအတွက် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံမြို့နယ် နောင်ကုလားကျေးရွာအုပ်စု နောင်ကုလားရွာကြီးပိုင်းအတွင်း (၄-၇-၂၀၁၉)ရက်နေ့ တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ဘေးသင့်နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၅၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၂)ဦး တို့အတွက် (၇)ရက်စာဆန်ဖိုးငွေ(၂၅,၂၀၀/-) ကျပ်တို့အား ဘေးသင့်ပြည်သူများအား ထောက်ပံပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_jul2019 Source: သထုံခရိုင်ဦးစီးမှူးရုံး
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/နည်းများ ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၁၉) ရက်နေ့တွင် ပုသိမ် မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာ ပြည်သူ လူထု (၆၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/နည်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ayy_jul2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာ၌ (၁-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အမိုးလန်ပျက်စီးနေအိမ် (၉) လုံး၊ စုစုပေါင်း နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၆၅,၀၀၀/-) ကျပ်၊ လူဦးရေ (၃၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ … Read more
-
School Cum Shelter တည်ဆောက်ရေးလုပ်ငန်းများစစ်ဆေးခြင်းနှင့် ခန္တီးခရိုင်ဦးစီးမှူးရုံး၏ မြေပြင်လက်ကျန်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးသည် (၄-၇-၂၀၁၉) ရက်နေ့တွင် ခန္တီးခရိုင်ဦးစီးမှူးရုံး တည်ဆောက်ရေးလုပ်ငန်း၊ အမျိုးသားသဘာဝဘေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် School Cum Shelter တည်ဆောက်ရေးလုပ်ငန်းများအား စစ်ဆေးခြင်းနှင့် ခန္တီးခရိုင်ဦးစီးမှူးရုံး၏ မြေပြင်လက် ကျန်စစ် ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #sgg_jul2019









