လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀းဝဝ) နာရီ အချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ်အဟောင်းကို လိုအပ်သော ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဆောင်၍ (Centre For Good Governance CGG) အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ရေဘေးတစ်ခုဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို နားလည်သဘောပေါက်စေရန်အတွက် သရုပ်ပြလေ့ကျင့်ခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar_fld
#bgo_jul2019