Category Archives: News
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကျေးရွာ၌ (၁၀-၇-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂၂) လုံးအတွက် ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၇,၀၀၀/-) ကျပ်တို့အား (၁၂-၇-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #ayy_jul2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ရှေခင် (၁) ကျေးရွာ၌ (၁၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးနှင့် လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀/-) ကျပ်တို့အား (၁၂-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ တာလေမြို့၊ အခြေခံပညာ မူလွန်ကျောင်း၊ ပန်ချီဟတ်၌ ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦးအား ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
======================================================= ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ လေးမြို့မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦး မြို့တွင် (၄)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
================================================================ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသညိ။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း … Read more
-
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်များမှ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၆-၇-၂၀၁၉)ရက်နေ့ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာနှင့် ပိုင်ကျုံမြို့၊ ကော့မရိုင်းကျေးရွာအုပ်စု၊ ကျိုက်ပေါင်ကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၂)လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သဖြင့် အိမ်ထောင်စု(၃)စု လူဦးရေ(၁၈)ဦး ဘေးဒုက္ခခံစားခဲ့ရသောကြောင့် (၁၂-၇-၂၀၁၉)ရက်နေ့တွင် ပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး တစ်အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀/-)နှင့် ဆန်ရိက္ခာဖိုးငွေ(၁၄၇၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၈၀၀၀၀/-) နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၂၃၁၀၀/-) စုစုပေါင်းကျပ် (၃၁၇၈၀၀/-)အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_jul2019 … Read more
-
ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
ခန္တီးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ ခန္တီးအခြေစိုက် စစ်ဗျူဟာမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခန္တီးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတို့နှင့်အတူ ခန္တီးခရိုင်အတွင်း ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၂-၇-၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းဝေးပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်တင်းပေးပို့ထားသည့် ထောက်ပံ့ရေးပစ္စည်းများ စစ်ဆေးခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုမည့် speed boat နှင့် စက်လှေတို့အား စစ်ဆေးခြင်း ရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့ရမည့် ကယ်ဆယ်ရေးစခန်းများ စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ခန္တီးမြို့ရှိ ချင်းတွင်းမြစ်ရေသည်( … Read more
-
ရေဘေးအသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေသည် (၉၅၆) စင်တီမီတာသို့ ရောက်ရှိနေပြီး ကသာမြို့၏ စိုးရိမ်ရေမှတ် (၁၀၄၀) စင်တီမီတာသို့ နီးကပ်နေပြီဖြစ်ပါသဖြင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်နေထိုင်ကြသည့် ကျေးရွာများအား ရေဘေးအန္တရာယ်သတိပြုနေထိုင်ကြပါရန် လိုက်လံသတိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြန်ဆက် ဦးစီးဌာန၊ online ချစ်သူ ပရဟိတအဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပြီး ကသာမြို့၊ အထ.က (၁) ကျောင်းရှေ့ရှိ အသိပညာပေးဆိုင်းဘုတ်အစား ရေဘေးအသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: … Read more
-
ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့တွင် ချင်းတွင်းမြစ်ရေ တိုက်စား မှုကြောင့် ညောင်ဝန်းကျေးရွာမှ ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၁) ဦးနှင့် ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်းတို့အတွက် ထောက်ပံ့ငွေ (၃၂၃,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာတို့အား (၁၂-၇-၂၀၁၉) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
ရေဘေးကြိုတင်ကာကွယ်ရေးဗီနိုင်းပိုစတာဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၂-၇-၂၀၁၉) ရက်နေ့တွင် ကလေး-ကလေးဝလမ်းဘေး ဆေးရုံဝန်းရှေ့တွင် စိုက်ထူထားသော လေဘေးကြိုတင်ကာကွယ်ရေးဗီနိုင်းအစား ရေဘေးကြိုတင် ကာကွယ် ရေးဗီနိုင်းအား ပြောင်းလဲစိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_jul2019









