Category Archives: News
-
ရေဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၇.၂၀၁၉) ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်အတွင်း အနိမ့်ပိုင်းကျေးရွာများရှိ ပြည်သူများအား ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဟင်္သာတခရိုင်လူမှုကွန်ရက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူပူးပေါင်း၍ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး
-
ဖျာပုံခရိုင်အတွင်း ဌာန၏ ဆောင်ရွက်နေမှုအခြေအနေများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ ဆွေးနွေးညှိနှိုင်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့တွင် ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖျာပုံခရိုင်အတွင်းရှိ INGOs၊ NGOs၊ လူမှုရေးအဖွဲ့အစည်းများနှင့် လစဉ်ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ ဦးစီးဌာန၏ မူဝါဒများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဖျာပုံခရိုင် အတွင်း ဌာန၏ ဆောင်ရွက်မှုအခြေအနေများ၊ အဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jul2019
-
ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊အေးရွာကျေးရွာ၊ ရွာစည်ကျေးရွာအုပ်စု၊ ဖိုးတုတ်ဖြူကျေးရွာနှင့် အမှတ်(၁၂)ရပ်ကွက်တို့တွင် (၂၂/၂၄.၇.၂၀၁၉)ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂၀၆) လုံး၊ အိမ်ထောင်စု(၂၀၆)စု၊ စုစုပေါင်းလူဦးရေ(၉၁၄)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၁၉၁၉၄၀ဝိ/-)(ကျပ်တစ်ဆယ့်ကိုးသိန်းတစ်သောင်းကိုးထောင့်လေးရာတိတိ)အား (၂၅.၇.၂၀၁၉)ရက်နေ့တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ရ ပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mdy_jul2019 Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း
ဇူလိုင် ၂၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephan Sakalian ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံ ပါသည်။ တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) နှင့် (IFRC) တို့ဖြင့်ပူးပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော နောက်ဆုံးအခြေအနေများ၊ လတ်တလောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုအခြေ အနေများ၊ ရခိုင်ပြည်နယ်အစိုးရနှင့် ICRC … Read more
-
ဘေးလျော့ပါရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် IOM အဖွဲ့အစည်းတို့ ပူးပေါင်း၍ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း (၃၅) ဦးဖြင့် (၂၅.၇.၂၀၁၉)ရက်မှ (၂၆.၇.၂၀၁၉) ရက်ထိ စစ်တွေမြို့၊ #ar #rke_jul2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် လပွတ္တာမြို့၊ အ.ထ.က (၂) မှ ကျောင်းသား/သူ (၁၅၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်ပါက ပြုမူနေထိုင်ရမည့် ပုံစံတို့အား လက်တွေ့သရုပ်ပြသခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jul2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အင်္ဂလာကျေးရွာအုပ်စု၊ အင်္ဂလာတောင် ကျေးရွာနှင့် တော်ကွဲကျေးရွာအုပ်စု တော်ကွဲကျေးရွာတို့၌ (၂၄-၇-၂၀၁၉) ရက်နေ့တို့၌ ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၃) လုံး အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀,ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၉,၄၀ဝ/-)ကျပ်တို့အား (၂၅-၇-၂၀၁၉) ရက်နေ့ (၁၅းဝဝ) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကျေးရွာ … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ရေပူကြီးကျေးရွာအုပ်စု၊ ရေပူကြီးကျေးရွာ၌ (၂၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀/-) ကျပ်တို့အား (၂၅-၇-၂၀၁၉) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw … Read more
-
စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် စစ်တွေမြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် စစ်တွေခရိုင် အတွင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင် ရန်အတွက် စစ်တွေမြို့နယ်၊ စုပေါင်းရုံးခန်းမ၌ စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် စစ်တွေမြို့နယ်ဦးစီးမှူးရုံးတို့အား ပြည်နယ် ဦးစီးမှူးဦးဆောင်၍ ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ရုံးဖွင့်ပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #rke_jul2019









