ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း

ဇူလိုင် ၂၅၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephan Sakalian ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံ ပါသည်။
တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) နှင့် (IFRC) တို့ဖြင့်ပူးပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော နောက်ဆုံးအခြေအနေများ၊ လတ်တလောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုအခြေ အနေများ၊ ရခိုင်ပြည်နယ်အစိုးရနှင့် ICRC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့မှုများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ ရခိုင်ပြည်နယ်တွင သာမက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လူသားချင်းစာနာမှုအကူအညီများပေးအပ်ဆောင်ရွက်နေမှုများ၊ ICRC အဖွဲ့အနေဖြင့် ကြက်ခြေနီလှုပ်ရှားမှုမှတဆင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် အာဆီယံ နိုင်ငံများနှင့်ပူးပေါင်းသွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Source: MSWRR

#hl1
#npw_jul2019

Sign Up

Upcoming Events