Category Archives: News
-
လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၄)ရွာတွင် (၁၁-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၂)လုံး၊ အမိုးလန်ပျက်စီးနေအိမ်(၃)လုံး စုစုပေါင်းနေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၅၀,၀၀၀/-)ကျပ်၊ လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၅,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁၅,၁၀၀ိ/-)ကျပ်နှင့် ပြိုကျ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၂)စုစာတို့အား (၁၃-၈-၂၀၁၉)ရက်နေ့ (၁၅း၁၀)အချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source; စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_aug 2019
-
မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးဦးမှတာဝန်ရှိသူများသည် စလင်းမြို့နယ်၊ အိုသည်ကျေးရွာတွင် (၁၀-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့ (၁၅း၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source; စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mgy_aug 2019
-
ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်စပ်ညှိနှိုင်းမှုအဖွဲ့ အစည်းအဝေးပြုလုပ်မှုသတင်း
သြဂုတ်၊ ၁၃၊ နေပြည်တော် မြန်မာနိုင်ငံတစ်ဝှမ်း၌ သဘာဝဘေးဒဏ်ခံစားနေရသော ဒေသအသီးသီး၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စောလျင်စွာ ဆောင်ရွက် ပေးနိုင်ရန်အတွက် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဘေးသင့်ဒေသများအမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်အများစု၌ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားလျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ဒေသတစ်ချို့တွင် ရေများပြန်လည်ကျဆင်းပြီဖြစ်သော်လည်း ပဲခူးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး … Read more
-
ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့လာသည့်ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်း (၄)ခုသို့ ထပ်မံပြောင်းရွေ့ခဲ့ရသည့် အိမ်ခြေ (၄၉)လုံး၊ အိမ်ထောင်စု (၄၉)စုမှ လူဦးရေ(၂၂၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၈၀၉၀၀ိ/-)အား (၁၃-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_aug 2019
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ကက္ကူကြီး (တောင်)ကျေးရွာနှင့် ကွင်းချောင်း ကျေးရွာအုပ်စု၊ မကျီးတောကျေးရွာတွင်(၇.၈.၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၂)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) စုစုပေါင်း လူဦးရေ(၁၀)ဦးအတွက် (၇)ရက်စာရန်ပုံငွေ (၂၁၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ(၂၂၁၀၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁) အိမ်ထောင်စာ (၃၂၃၅၃/-)အား (၁၃-၈-၂၀၁၉)ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် မြန်မာ့ကြက်ခြေနီအသင်း (ငါးသိုင်းချောင်းမြို့ခွဲ)နှင့်အတူ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်း … Read more
-
ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြိုနယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီး(ရွာသစ်)ကျေးရွာ၌ (၁၂-၈-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်တို့ကိုလည်းကောင်း၊ ရှားပင်ကျေးရွာအုပ်စု၊ ရှားတောကျေးရွာ၌ (၁၂-၈-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် တစ်စိတ်တစ်ပိုင်းပြိုကျအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၃၁၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့တွက် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ပခုက္ကူခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နှင့် ပေါက်ဆိန်ပဲ့ကျေးရွာအုပ်စု၊ ဗျဉ်းကြားရိုးကျေးရွာတို့တွင် (၇-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သည် နေအိမ်(၃)လုံး၊ စုစုပေါင်းနေအိမ် (၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ (၁၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)ပုံး (၃၂၃၅၃/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀၀/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၂၇၃၀၀/-)၊စုစုပေါင်းရန်ပုံငွေ (၂၇၇၃၀၀/-)ကျပ်တို့ကို (၁၃-၈-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီအချိန် တွင် လေဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2019 Source: … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်၊ လက်ဆောင်ကွင်း ကျေးရွာအုပ်စု၊ မောင်းတီးကျေးရွာ၊ ရွေးကျေးရွာအုပ်စု၊ ရွေးကျေးရွာနှင့် ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ကျွန်းလျားရှည်ကျေးရွာတို့၌ (၄-၈-၂၀၁၉) ရက်နေ့မှ (၇-၈-၂၀၁၉) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၅) လုံး၊ အိမ်ထောင်စု(၈)စုမှ လူဦးရေ (၃၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(၃)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၇၃,၅၀၀/-) … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ အိမ်ဆိုးချောင်းကျေးရွာအုပ်စု၊ အိမ်ဆိုးချောင်းကျေးရွာ၊ ဒါးကညောင်ကုန်းကျေးရွာအုပ်စု၊ ဒါးကညောင်ကုန်းကျေးရွာ၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာတို့၌ (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံး၊ အမိုးလန်ပျက်စီးနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၅၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၅၈,၈၀၀/-) ကျပ်တို့ကို (၁၃-၈-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) အချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2019 … Read more
-
လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ မယ်ဇလီကွင်းပေါက်ကျေးရွာတို့၌ (၅-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆၃၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀/-)အား (၁၃-၈-၂၀၁၉)ရက်နေ့(၁၄း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ ပြီးဖြစ်ပါကြောင်း သတင်း ရရှိပါသည်။ #ha_sgw #ayy_aug2019 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









