လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးဦးမှတာဝန်ရှိသူများသည် စလင်းမြို့နယ်၊ အိုသည်ကျေးရွာတွင် (၁၀-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့ (၁၅း၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source; စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_tls
#mgy_aug 2019