Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြော ဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၉) ရက်နေ့ ထီးလင်းမြို့နယ်၊ သရခါကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား(၇၆)ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_aug2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကံသာကျေးရွာတွင် (၁၅-၈-၂၀၁၉)ရက်နေ့ (၁၁း၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀,၀၀ဝိ/-)ကျပ်၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၉၄၀၀ိ/-)ကျပ်၊ စုစုပေါင်း(၄၂၉၄၀၀ိ/-)တို့အား (၁၆-၈-၂၀၁၉)ရက်နေ့ (၁၄း၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ #ha_rbe #mgy_aug2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးတို့မှ (၁၆.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနု နှင့် ဌာနဆိုင်ရာအဖွဲ့များနှင့်အတူ ကော့ကရိတ်မြို့နယ်အတွင်း နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု(၉၄၀)စု၊ လူဦးရေ(၄၁၈၇)ဦးနှင့် ကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု(၂၇၈)စု၊ လူဦးရေ(၁၃၆၅)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၁၂၁၈)စု၊ စုစုပေါင်းလူဦးရေ(၅၅၅၂)ဦးတို့အား(၇)ရက်စာဆန်ရိက္ခာ (၁၁၆၅၉၂၀၀ိ/-)ကို ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_aug2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်တွေမြို့ ဆွေမျိုးများနေအိမ်တွင် ယာယီခိုလုံလျက်ရှိသော အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၁)ဦး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၂)ဦးနှင့် အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦး၊ စုစုပေါင်း အိမ်ထောင်စု(၉)စု၊ လူဦးရေ(၂၈)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာဖိုး ထောက်ပံ့ငွေ(၁၁၇၆၀၀ိ/-)အား(၁၆.၈.၁၉)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #chn_aug2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ (၁၇.၈.၂၀၁၉)ရက်နေ့ မင်းတပ်မြို့၊ ဘောင်ထဲကျေးရွာရှိ ပြည်သူများနှင့် အ.ထ.က(၃) ကျောင်းသား/သူ အင်အား (၃၅)ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_aug2019 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ ရွှေလောင်းကျေးရွာအုပ်စု၊ ရွှေလောင်းကျေးရွာ၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာ၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာတို့တွင် (10-8-2019)ရက်နေ့မှ (14-8-2019)ရက်နေ့အထိ ဖြစ်ပွားသော လေဘေးနှင့် ကမ်းပြိုဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ ကြိုတင် ရွှေ့ပြောင်းနေအိမ် (၂၇) လုံး၊ အိမ်ထောင်စု (၂၈)စုမှ လူဦးရေ (၁၂၂) ဦး အတွက် အိမ်ဆောက်ပစ္စည်းရန် ပုံငွေ (၂၇၄၀၀၀၀)၊ ဆန်ရိကာရန်ပုံငွေ(၂၅၆၂၀၀ )၊ စုစုပေါင်းရန်ပုံငွေ (၂၉၉၆၂၀၀)အား (17-8-2019)ရက်နေ့၊ (၁၂း၀၀) … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၉) ရက်နေ့တွင် မြင်းခြံမြို့နယ် ၊ဂင့်ဂဲကျေးရွာအုပ်စု၊ ဂင့်ဂဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဂင့်ဂဲ)၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသူ/ ကျောင်းသား(၃၁၅)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး စာအုပ်များ၊ ဘောပင်များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2019 Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာတွင် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို (၁၇.၈.၂၀၁၉) ရက်နေ့(၀၈၀၀)နာရီမှ(၀၉၀၀)နာရီအချိန်တွင်း ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာသူ/သားများ စုစုပေါင်းအင်အား(၄၀၀)ကျော်တက်ရောက်ခဲ့ပြီး ကျေးရွာသူ/သားများအတွက် အသင့်စားခေါက်ဆွဲခြောက်ထုပ်(၁၂၅၀)ထုပ် ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှ (၁၆.၈.၁၉)ရက်နေ့ ဒိုးပင်အောင်ကံသာ ပရဟိတဘုန်းကြီးကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများနှင့်ပတ်သတ်၍ ဟောပြောဆွေးနွေးခဲ့ရာ ကျောင်းသား/သူအင်အား (၁၅၀)ခန့်တက်ရောက်ခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်းနှင့် ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2019 Source: ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များမှ ဝန်ကြီးဌာနသို့ အလှူငွေများအသီးသီး လာရောက်လှူဒါန်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြု နိုင်ရန်အတွက် လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းများနှင့်မိတ်ဆွေများက လှူဒါန်းငွေ ကျပ်(၇၇၁,၅၀၀ိ/-) (ကျပ်ခုနှစ်သိန်းခုနှစ်သောင်းတစ်ထောင့်ငါးရာတိတိ/-)၊ ရတနာပုံတက္ကသိုလ်ရှိ ကျောင်းသား/ကျောင်သူ၊ ဆရာ/ဆရာမများကိုယ်စား ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ)က လှူးဒါန်းငွေကျပ် (၄,၆၈၉,၁၀၀ိ/-) (ကျပ်လေးဆယ့်ခြောက်သိန်းရှစ်သောင်းကိုးထောင့် တစ်ရာတိတိ/-)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇၂)ကျောင်းဆင်းအရာရှိများက လှူဒါန်းငွေကျပ် (၁,၀၀၀,၀၀၀ိ/-) (ကျပ်သိန်းတစ်ဆယ်တိတိ/-)၊ ဦးညွန့်တင် ညွန်ကြားရေးမှူး(ငြိမ်း)+ဒေါ်နန်းရွှေမြင့် မိသားစုက လှူဒါန်းငွေကျပ်(၁,၀၀၀,၀၀၀ိ/-) (ကျပ်သိန်းတစ်ဆယ်တိတိ/-)၊ မြန်မာနိုင်ငံရိုးရာ သနပ်ဖက်လိပ်လုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် (၁၀,၀၀၀,၀၀၀ိ/-) (ကျပ်သိန်းတစ်ရာတိတိ/-) အား ဝန်ကြီးဌာနသို့ အသီးသီး … Read more









