လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြု နိုင်ရန်အတွက် လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းများနှင့်မိတ်ဆွေများက လှူဒါန်းငွေ ကျပ်(၇၇၁,၅၀၀ိ/-) (ကျပ်ခုနှစ်သိန်းခုနှစ်သောင်းတစ်ထောင့်ငါးရာတိတိ/-)၊ ရတနာပုံတက္ကသိုလ်ရှိ ကျောင်းသား/ကျောင်သူ၊ ဆရာ/ဆရာမများကိုယ်စား ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ)က လှူးဒါန်းငွေကျပ် (၄,၆၈၉,၁၀၀ိ/-) (ကျပ်လေးဆယ့်ခြောက်သိန်းရှစ်သောင်းကိုးထောင့် တစ်ရာတိတိ/-)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇၂)ကျောင်းဆင်းအရာရှိများက လှူဒါန်းငွေကျပ် (၁,၀၀၀,၀၀၀ိ/-) (ကျပ်သိန်းတစ်ဆယ်တိတိ/-)၊ ဦးညွန့်တင် ညွန်ကြားရေးမှူး(ငြိမ်း)+ဒေါ်နန်းရွှေမြင့် မိသားစုက လှူဒါန်းငွေကျပ်(၁,၀၀၀,၀၀၀ိ/-) (ကျပ်သိန်းတစ်ဆယ်တိတိ/-)၊ မြန်မာနိုင်ငံရိုးရာ သနပ်ဖက်လိပ်လုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် (၁၀,၀၀၀,၀၀၀ိ/-) (ကျပ်သိန်းတစ်ရာတိတိ/-) အား ဝန်ကြီးဌာနသို့ အသီးသီး လာရောက်ပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_aug2019
နေပြည်တော်၊ သြဂုတ် ၁၆