Category Archives: News
-
တိုင်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှုရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ် ဓမ္မာရာမဘုန်းကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၅၈)၊ လူဦးရေ(၂၀၆)ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ဖားကြွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၃၆)စု၊ လူဦးရေ( ၂၀၇ )ဦး စုစုပေါင်း အိမ်ထောင်စု (၉၄)စု၊ လူဦးရေ(၄၁၃)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၁၂၈)အိတ်၊ (၂၅)ပြည်၊ (၄)ဗူးတို့အား (၈-၁၁-၂၀၁၉)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr rke_Nov2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒဏ်ရာရရှိသူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၁.၂၀၁၉)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားရာမှ လွင့်စင်လာသော လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်(မူဆလင်)ကျေးရွာမှ ရူနာဘာနူရ်၊ မာမောင်ဇော်လီနှင့် ရာဘီရာဘော်ရှော်ရီ တို့အား (၈.၁၁.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_Nov2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ် (၁၈/၂၀၁၉)
ရက်စွဲ။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်) (မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၁၇၀)မိုင်ခန့်၊ စာဂါကျွန်း(Sagar Islands) … Read more
-
သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၉) ရက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ စာကြည့်တိုက်တွင် အများပြည်သူများလေ့လာနိုင်အတွက် သဘာဝ ဘေးအသိပညာပေးလက်ကမ်းစာစောင်များ သွားရောက်ပေးအပ်ခဲ့ပါကြောင်း သိရှိရပါ သည်။ #ha_ar #tny_nov2019 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ် (၁၇/၂၀၁၉)
၁။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေ အနေ(က) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ(၁) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)သည် မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၁၉၅)မိုင်ခန့်၊ စာဂါကျွန်း(Sagar Islands) (အနောက်ဘင်္ဂလားပြည်နယ်- West Bengal)၏ … Read more
-
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၁၆/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်) (မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဘာဘ်ဘယ်”(BULBUL)သည် မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၂၀၅) … Read more
-
သဘာဝဘေးအသိပညာ ပေးလက်ကမ်းစာစောင်၊ အမျိုးသားအဆင့်ငလျင် ဘေးအန္တရာယ် ကြိုတင်ပြင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်စာအုပ်နှင့် အသိပညာပေးလက်ကမ်းစာစောင်များ အားပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၉) ရက်နေ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ် စာကြည့်တိုက်တွင် အများပြည်သူများလေ့လာနိုင်အတွက် သဘာဝဘေးအသိပညာ ပေးလက်ကမ်းစာစောင်၊ အမျိုးသားအဆင့်ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ရေးနှင့် တုံ့ပြန် ရေးစီမံချက်စာအုပ်နှင့် လက်ကမ်းစာစောင်များ သွားရောက်ပေးအပ်ခဲ့ပါကြေင်း သိရှိရပါ သည်။ #ha_ar #tny_nov2019 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် (၄-၁၁-၂၀၁၉) ရက်တွင် စစ်တွေမြို့နယ်၊ ငတောက်တက်ကျေးရွာသို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန် (၁) အိတ်၊ (၁၈) ပြည်အား (၇-၁၁-၂၀၁၉) ရက်တွင် ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_otr #rke_nov2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၁၆/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်) (မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) Source: DMH (က) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဘာဘ်ဘယ်”(BULBUL)သည် မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ မီးသွေးတိုက်ကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာ၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတို့၌ (၃၁-၁၀-၂၀၁၉) နှင့် (၄-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၆) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၅၀၀၀၀/-) ကျပ်၊ လူဦးရေ (၂၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၈၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၈၈၀၀/-) ကျပ် နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more









