Category Archives: News
-
သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃-၁၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့ (၁) ရပ်ကွက်၊ သာသနာ့ဗိမာန်တွင် အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအခမ်းအနား တွင် ဌာန၏ ဆောင်ရွက်နေမှုအခြေအနေများ၊ သဘာဝဘေးနှင့်ပတ်သက်၍ အမျိုးသမီးများအနေဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိစေရန် အသိပညာဗဟုသုတများရှိနေစေဖို့ သဘာဝဘေးနှင့်ပတ်သက်၍ အသိနှင့် သတိ အမြဲရှိစေရန် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျေးရွာသူ/သား (၉၅) ဦးတက်ရောက်ခဲ့ပါကြောင်း … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် (၂၉-၁၁-၂၀၁၉)ရက်နေ့တွင် စစ်တွေမြို့နယ်၊ ဃောသိတာရုံကျောင်းတိုက်သို့ ထပ်တိုး ရောက်ရှိယာယီခိုလှုံနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁)အိတ်၊ (၄)ဗူးအား (၃-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦး စီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အေရာကျေးရွာအုပ်စု ရွာသာယာ ကျေးရွာ၌ (၂၇-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀၀/-) ကျပ်တို့အား (၃-၁၂-၂၀၁၉) ရက်နေ့၊ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင်မြို့နယ်၊ ရွှေသီးကျေးရွာ၊ ငဖရုံကျေးရွာ၊ ဝါးနက်ရုံကျေးရွာ၊ ဒုံးသိမ်ကျေးရွာ၊ စက်ခေါ်ကျေးရွာ၊ သိန်းတန်(ရခိုင်) ကျေးရွာ သိန်းတန်(ဘင်္ဂါလီ) ကျေးရွာ၊ သံခြေ(ရခိုင်) ကျေးရွာ၊ ဆေးအိုးကျ(ဘင်္ဂါလီ) ကျေးရွာ၊ ဝရကျွန်း (ဘင်္ဂါလီ) ကျေးရွာ၊ စုစုပေါင်းစုရပ်စခန်း (၁၀)ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၇၃) စု၊ လူဦးရေ (၁၃၅၂) ဦးအတွက် ဆန်ရိက္ခာ(၁) လစာ၊ ဆန်(၄၂၂) အိတ်၊ (၁၂) … Read more
-
တိုက်ပွဲရှောင် ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရာမှ ထန်တလန်မြို့နယ်၊ သီကီရ်းကျေးရွာသို့ ပြောင်းရွှေ့အခြေချနေထိုင်ကြသည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၂၁)စု၊ လူဦးရေ (၁၂၈)ဦးတို့အား (-၃-၁၂-၂၀၁၉) ရက်နေ့ နံနက်(၁၀:၂၀)နာရီအချိန်တွင် ရန်ပုံငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွန်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တို့က အားပေးစကားပြောကြားခဲ့၍ အလှူငွေနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း၊ ထို့နောက်လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အိမ်ထောင်စု(၂၁)တို့အတွက် ပြောင်းရွှေ့စရိတ်၊ ဆန်၊ဆီ၊ … Read more
-
မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ခရုတောကျေးရွာ၌ (၁-၁၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁၀,၅၀ဝိ/-) ကျပ်တို့အား (၃-၁၂-၂၀၁၉) ရက်နေ့တွင် တန့်ဆည်မြို့နယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ (၃-၁၂-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သုံးခွမြို့နယ်ရှိ မှိုကုန်းသာကျေးရွာ မှိုကုန်းသာ-အောင်သာဒါန်း ကျောင်းတိုက်တွင် ပြည်သူလူထု (၁၀၀) ဉီးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာ စောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #ygn_dec2019 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
Source:နေ ပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ******************************************* လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ (၃-၁၂-၂၀၁၉) ရက်နေ့တွင် တပ်ကုန်းမြို့ အ.ထ.က(၁) စာသင်ကျောင်း၌ (၀၉:ဝဝ) အချိန်မှ (၁၁:၃၀) နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ များနှင့်ကျောင်းသား/သူ စုစုပေါင်း (၂၅၀) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၉)ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၂း၀၀) နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၊ ရွှေကျောင်းကြီး (ဓမ္မာရုံ)၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍အသိပညာပေးဟောပြောဆွေးနွေးခြင်းတို့အားကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူနှင့်ပြည်သူလူထုအင်အား စုစုပေါင်း(၂၃၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mon_dec2019 Soruce: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စု၊ ကျောက်တိုင်ကျေးရွာ၌ (၂-၁၂-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၆)လုံး အိမ်ထောင်စု (၆)စုမှ လူဦးရေ (၁၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၇၈၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၆၃၇၈၀ဝိ/-) အား (၃-၁၂-၂၀၁၉) ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









