ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရာမှ ထန်တလန်မြို့နယ်၊ သီကီရ်းကျေးရွာသို့ ပြောင်းရွှေ့အခြေချနေထိုင်ကြသည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၂၁)စု၊ လူဦးရေ (၁၂၈)ဦးတို့အား (-၃-၁၂-၂၀၁၉) ရက်နေ့ နံနက်(၁၀:၂၀)နာရီအချိန်တွင် ရန်ပုံငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွန်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တို့က အားပေးစကားပြောကြားခဲ့၍ အလှူငွေနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း၊ ထို့နောက်လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အိမ်ထောင်စု(၂၁)တို့အတွက် ပြောင်းရွှေ့စရိတ်၊ ဆန်၊ဆီ၊ ဆား ၊ပဲ (၃)လစာ စုစုပေါင်းရန်ပုံငွေ(၅၉၆၅၅၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၀)မျိုးစီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာသူ အလှူရှင်၊စေတနာရှင်များကလည်း အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#chn_dec2019
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)