Category Archives: News
-
ကလေးစာပေးပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှု ဦးစီးဌာန ပြခန်းများပါဝင်ပြသမှုသတင်း
(၂၉.၁၁.၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှု ဦးစီးဌာနပြခန်းများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော သာပေါင်းမြို့နယ် ကလေးစာပေ ပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ပြသခဲ့ရာ တိုင်းဒေသြက်ီး အစိုးရအဖွဲ့နှင့် လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဒါက်တာစိုးဝင်း၊ ကရင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်(၁)၊ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်(၂)၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းသား/သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း … Read more
-
ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း
မောင်တောခရိုင်သဘာ၀ဘေးစီမံခန့်ခွဲမှုကော်မတီ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ ဂရုဏာလူမှုကွန်ယက်အသင်းတို့ ပူးပေါင်း၍ မောင်တောမြို့၊ မြို့မအား ကစားကွင်း၌ (၁-၁၂-၂၀၁၉) ရက်နေ့တွင် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခဲ့ရာ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ကျောင်းသား/ သူများ(၄၇၀)ဦးခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး မောင်တောခရိုင်ဦးစီးမှူးရုံးမှ ဘေး(၈)မျိုး လက်ကမ်းစာစောင် (၃၀၀) စောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ ပါသည်။ #simex_eqk #rke_dec2019 Source: … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၉) ရက်နေ့၊ နေ့လည် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ရွာသူ/ရွာသား (၁၀၀) ဉီးခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက် ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_dec2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်၁၉ခုရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၈၃၁)စု၊ လူဦးရေ(၃,၆၉၉)ဦးအတွက်ထပ်မံ၍ ဆန်ရိက္ခာ(၁)လစာ ဆန်(၁,၁၅၅)အိတ် (၂၂)ပြည်(၄)ဘူးအား ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ(၂၈.၁၁.၂၀၁၉) ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_dec2019 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ များ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ် (၆)ခု အရှေ့တောင်ရပ်ကွက်၊တောင်ရင်းတန်းရပ်ကွက်၊ ချောင်းဝရပ်ကွက်၊ကောင်းရီချောင်းကျေးရွာ၊ပြားချောင်းကြီးကျေးရွာ နှင့်ကုန်တန်းကျေးရွာသို့ (၂၅.၁၁.၂၀၁၉)ရက် ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁၉၄)စု၊ လူဦးရေ(၈၀၁)ဦးအတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၁၁၆)အိတ် (၁၉) ပြည် (၄) ဘူးအား ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး မှ(၂၈.၁၁.၂၀၁၉) ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_dec2019 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) နေ့တွင် မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စု၊ ကန်ပြင်ကျေးရွာတွင်ဖြစ်ပေါ်ခဲ့သော မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး တစ်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးတစ်သိန်းနှင့် လူ (၃) ဦးအတွက် ဆန်ရိက္ခာဘိုးငွေ (၆,၃၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀) ကျပ်အား (၃၀-၁၁-၂၀၁၉) ရက်နေ့ နံနက် (၉:၁၅) အချိန်တွင် ကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်း၍သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရ ပါသည်။ #ha_fir #tny_nov2019 … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစည်းအဝေးခန်းမ) ၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများ စုစုပေါင်း (၂၅၀) ဦးတို့ကိုလည်းကောင်း၊ နေ့လည်ပိုင်း တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (လေးရွာ) ရှိ ကျောင်းသား/ သူစုစုပေါင်း (၇၀၀) ဦး တို့အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြော ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၄/၂၀၁၉) ဆင်းပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ ရွှေဟင်္သာခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းအမှတ်စဉ်(၄/၂၀၁၉) ဆင်းပွဲအခမ်းအနား ကိုကျင်းပခဲ့ရာ မွန်ပြည်နယ်ဉီးစီးမှူးမှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သူ (၃၀)ဉီးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_nov2019 Source: မွန်ပြည်နယ်ဉီးစီးမှူး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်ခေါင်းမြို့ နယ်၊ ကင်မွန်ခြုံအုပ်စု၊နတ္တလင်းစုကျေးရွာ၌ (၂၇-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၁) လုံး၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ် နှင့် မီးဟပ်ဒဏ်ရာရဆေးရုံတက်ကုသနေသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁၆၂,၆၀၀) ကျပ်အား (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉)ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သဘာဝဘေးအသိပညာ ပေးဟောပြောဆွေးနွေးခြင်း၊ ဘေးအန္တရာယ်နှင့် ပတ်သက်သောအသိပညာပေး ဗီဒီယိုပြသခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူအင်အားစုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_nov2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









