Category Archives: News
-
မုန်တိုင်းဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉) ရက်နေ့၊ (၀၈:၀၀) နာရီချိန်မှ(၁၂:၃၀) နာရီချိန်အထိ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ခမောင်းတုန်း ကျေးရွာ အုပ်စု၊ ခမောင်းတုန်းကျေးရွာ၌ “မုန်တိုင်းဘေးအန္တရာယ်ဝဲသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအစီ အစဉ်”ကိုဆောင်ရွက်ခဲ့ပါသည်။ ယင်းဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်တွင် မုန်တိုင်းဘေး အန္တရာယ်နှင့်ပတ်သက်၍ ( ဝါ၊ လိမ်၊ နီ၊ ညို၊ စိမ်း) အရောင်ကာလာအဆင့်များအလိုက် မိမိတို့ရရှိ လာသော သတင်းအချက်အလက်များမူတည်၍ မည်သို့လိုက်နာလုပ်ဆောင်ရမည်များကို ကြိုတင် ဆွေးနွေးသရုပ်ပြခဲ့ပြီးနောက် ပူးပေါင်းပါဝင်သူများမှ စနစ်တကျဆောင်ရွက်ခဲ့ရာ … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်််ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၈-၁၂-၂၀၁၉)ရက်နေ့၊နေ့လယ်(၁၃:၀၀)မှ(၁၅:ဝ၀)ထိတာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာနှင့် အနီးရှိကျေးရွာငယ်များမှ ရပ်မိရပ်ဖများအပါအဝင် စုစုပေါင်းအင်အား(၁၈၀)ဦးအား အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သောဘေးအန္တရာယ်များ သဘာ၀ဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွါးမီ၊ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များ၊ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှုးရုံး (ဘစမ)
-
မသန်စွမ်းအထူးပညာရေးကျောင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ဒီဇင်ဘာ ၈၊ နေပြည်တော် မသန်စွမ်းအထူးပညာရေးကျောင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ပုဂ္ဂလိကပညာသင် အထူးကျောင်း/ ပုဂ္ဂလိက ပြန်လည်ထူထောင်ရေးဌာန တည်ထောင်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလလ (၆) ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများသည် လူ့အခွင့်အရေးကို အပြည့်အဝခံစားရရှိနိုင်ရန်နှင့် မသန်စွမ်းသူများအား ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်မှုများမှ ကာကွယ်ပေးနိုင်ရန်တို့အတွက် မသန်စွမ်းသူများ၏ အခွင့် အရေးဥပဒေ (၂၀၁၅) ၊ နည်းဥပဒေများ (၂၀၁၇)တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်းကို … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့၊ လူငယ်သင်တန်းကျောင်း(၁) တွင် ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူ လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အား အသိပညာပေး ဟောပြောခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #chn_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၉)ရက်နေ့(၀၉:၀၀)နာရီချိန်မှ(၁၀:၃၀)နာရီချိန်အထိ ပူတာအိုမြို့နယ်၊ နမ်ရှယ်ကော့ကျေးရွာရှိ ကျေးရွာနေပြည်သူ(၁၂၀)ဦးခန့်ကို မိမိတို့ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးထောက်ပံ့မှုနှုန်းထားများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ(ရေဘေး-မီးဘေး-လေပြင်းမုန်တိုင်းဘေးနှင့် ငလျင်ဘေး) အန္တရာယ်များအကြောင်း ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြော ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗီနှိုင်းပိုစတာများအားဖြန်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_dec 2019
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉) ရက်နေ့ နံနက် (၄:၀၀)နာရီတွင် ဖျာပုံမြို့၊ ကနိကျေးရွာအုပ်စု၊ ကနိချောင်းဝကျေးရွာ၌ မီးဘေးဖြစ်ပွားမှုကြောင့် မီးဘေးသင့်အိမ်ခြေ (၇)လုံး၊ မီးတားအိမ်(၂)လုံးမှ အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၅၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၀၂၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀၀/-) ကျပ်၊ မီးတားအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ(၂)အိမ်ထောင်စုစာနှင့် လုံးဝပျက်စီး အိမ်(၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၉)အိမ်ထောင်စာတို့ကို (၇-၁၂-၂၀၁၉) ရက်နေ့တွင် လွှတ်ကိုယ်စားလှယ်နှင့်အတူ မီးဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မိုင်းဆတ်ခရိုင်၊ ဝိန်းဝိုင်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌ ရွာသူ/ရွာသား (၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် တက်ရောက်လာသူများကို လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec 2019
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉)ရက်နေ့ (၀၉:ဝဝ)ချိန်၌ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် (လုံးဝပျက်စီး) နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၇၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈၉၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၁၈၈၉ဝဝိ/-)အား (၇-၁၂-၂၀၁၉)ရက်နေ့(၁၀:၃၀)နာရီအချိန် တွင်သွားရောက် ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #tny_dec 2019
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်အတွင်း (၇-၁၂-၂၀၁၉)ရက်နေ့ (၁၁:၁၅)အချိန်တွင် တောင်ညိုကျေးရွာအုပ်စု၊ ကြီးပွားကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ဆိုင်ကယ်(၁၉)စီး မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံရန်ပုံငွေ (၅၀၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၆၆၈၀၀/-) ကျပ်နှင့် ကျပ်(၇၅၃၆၂/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၂)အိမ်ထောင်စာတို့အား (၈-၁၂-၂၀၁၉)ရက်နေ့(၁၀:၁၅)အချိန်တွင် ပြည်သူများ၏လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ha_fir #npw_dec … Read more
-
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်အခမ်းအနားကိုပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်
ဒီဇင်ဘာ၇၊နေပြည်တော် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်ကို ကျား၊မရေးရာတန်းတူညီမျှရေးကွန်ရက် (Gender Equality Network) ကစီစဉ်ကျင်းပခဲ့ပြီးအခမ်းအနားကိုလွတ်လပ်ခြင်းနှင့်ဖဲကြိုးဖြူသီချင်းဖြင့်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူသားတစ်ဦးချင်း အနေဖြင့် လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း၊ လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အန္တရာယ်များကိုကာကွယ်ပေးရန်လိုပါကြောင်း၊ အမျိုးသမီးများနှင့် ပတ်သက်၍ အကြမ်းဖက်မှုကာကွယ်ရေးသည် … Read more









