အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်အခမ်းအနားကိုပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်

ဒီဇင်ဘာ၇၊နေပြည်တော်

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်ကို ကျား၊မရေးရာတန်းတူညီမျှရေးကွန်ရက် (Gender Equality Network) ကစီစဉ်ကျင်းပခဲ့ပြီးအခမ်းအနားကိုလွတ်လပ်ခြင်းနှင့်ဖဲကြိုးဖြူသီချင်းဖြင့်ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူသားတစ်ဦးချင်း အနေဖြင့် လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း၊ လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အန္တရာယ်များကိုကာကွယ်ပေးရန်လိုပါကြောင်း၊ အမျိုးသမီးများနှင့် ပတ်သက်၍ အကြမ်းဖက်မှုကာကွယ်ရေးသည် အရေးကြီးသည့်အချက်ဖြစ်သလို အမျိုးသမီးနှင့် အမျိုးသားများသည် တန်းတူအခွင့်အရေးရရှိရေးသည်လည်း အရေးကြီးကြောင်း၊ တန်းတူအခွင့်အရေးရရှိလျှင်  အကြမ်းဖက်မှု လျော့နည်းနိုင်ကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ပေးရေးသည် အားလုံးတွင်တာဝန်ရှိပါကြောင်း၊ ထိုကဲ့သို့ ကာကွယ်ပေးရန်မူဝါဒနှင့် ဥပဒေများရှိရမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်အမျိုးသမီးများ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကာအကွယ်ပေးနိုင်ရေးဥပဒေရှိရန် ကြိုးပမ်းခဲ့ကြ ပါကြောင်း၊ မကြာခင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးဥပဒေပေါ်ထွက် လာမှာဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ်များအကြမ်းဖက်မှုမှ ကာကွယ်ရေးကို ဥပဒေပေါ်ပေါက် မှသာ ဆောင်ရွက်ရမည်မဟုတ်ပါကြောင်း၊ ကျွန်တော်တို့သည်လူသားများဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦးအကြမ်းမဖက်ရဘူးဆိုသည်ကို လူသားဆန်စွာဖြင့် အသိအမြင်ရှိကြရမှာ ဖြစ်ကြောင်း၊ ဖဲကြိုးဖြူ၏သဘောတရားသည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှဆန့်ကျင့်သည့် သဘောတရားဖြစ်၍ ထာဝရဖဲကြိုးဖြူသည် မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုကို ထာဝရဆန့်ကျင်ရမည့် သဘောဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီး များနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကိုဖွဲ့စည်းထားကြောင်း၊ ကော်မတီတွင်အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများအပြင် ကျား၊မရေးရာတန်းတူညီမျှရေးကွန်ရက် (Gender Equality Network)အပါအဝင် အမျိုးသမီးအရေးတက်ကြွစွာဆောင်ရွက်နေကြသည့် အဖွဲ့(၇)ဖွဲ့ပါဝင်ပါကြောင်း၊အမျိုးသမီးများ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်အတွက်အကြမ်းဖက်မှုများမှကာကွယ်ပေးရန်ပြည်သူများအသိပညာများပိုမိုသိရှိလာစေရန်နှင့်ပိုမိုပါဝင်လာစေရန်(၁၆)ရက်တာ လှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုမှကာကွယ်ခြင်းသည် ပဋိပက္ခများကို ငြိမ်းချမ်းအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေးသဘောတူစာချုပ်တွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ကျား၊မရေးရာအခြေပြုအကြမ်းဖက်မှုများကို ကာကွယ် နိုင်ရေးနှင့်ကဏ္ဍအသီးသီးတွင်အမျိုးသမီးများ (၃၀)ရာခိုင်နှုန်းပါဝင်ရေးအချက်များပါဝင်ကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ ကာကွယ်ပေးရန်ဆောင်ရွက်ပေးကြသည့် အဖွဲ့အသီးသီးနှင့် ယနေ့ထာဝရဖဲကြိုးဖြူအသိပညာပေးအစီအစဉ်ကို ဆောင်ရွက်ပေးကြသည့်အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍Trocaire Myanmar ၏တာဝန်ရှိသူ တစ်ဦးကထာဝရဖဲကြိုးဖြူအသိပညာပေး အစီအစဉ်နှင့်ပတ်သက်၍ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

ထို့နောက်ကျား၊မရေးရာတန်းတူညီမျှရေးကွန်ရက် (Gender Equality Network) အကြောင်း ကို  ဗီဒီယိုမှတ်တမ်းပြသခဲ့ပြီး တာဝန်ရှိသူတစ်ဦးက ထာဝရဖဲကြိုးဖြူအခမ်းအနားကျင်းပရခြင်းနှင့် ဖြစ်ပေါ်လာပုံကိုရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက်ထာဝရဖဲကြိုးဖြူအမည်ဖြင့် ၂၀၁၆ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်း ပြုလုပ်ခဲ့သော လှုပ်ရှားမှုများကို ဗီဒီယိုဖြင့်ပြသခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာကြသူများက စုပေါင်းမှတ်တင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို သရုပ်ဖော်ဇာတ်လမ်းတိုများ၊ သံချပ်၊သီချင်းများဖျော်ဖြေခြင်းနှင့် ပညာပေးအစီအစဉ်များဖြင့်ဆက်လက်ကျင်းပခဲ့ကြပါသည်။

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် အမျိုးသမီးအရေးတက်ကြွစွာလှုပ်ရှား ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

အစိုးရအနေဖြင့်အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (UN CEDAW)ကို အခြေခံ၍ မြန်မာအမျိုးသမီးများရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးဥပဒေကိုဖော်ဆောင်လျက်ရှိခြင်း၊၂၀၁၉ခုနှစ်အတွင်း ဖော်ဆောင်ခဲ့သောကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် အသက်(၁၈)နှစ် အောက်အမျိုးသမီးငယ်ရွယ်သူများအပါအဝင် ကလေးသူငယ်များအားအကြမ်းဖက်မှုမှကာကွယ် စောင့်ရှောက်ခြင်းကိုထည့်သွင်းပြဋ္ဌာန်းခြင်း၊ ပဋိပက္ခများအတွင်းအမျိုးသမီးများအားလိင်အကြမ်းဖက် မှုမှကာကွယ်စောင့်ရှောက်ရန်အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းစဉ်များချမှတ်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အမျိုးသမီးအရေးတက်ကြွစွာလှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ ပြည်သူများအားလုံးနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Source: MOSWRR

#hl1
#npw_dec2019

Sign Up

Upcoming Events