Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ရေးမြို့နယ်၊ အဘေကျေးရွာအုပ်စု၌ အဘော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် (၁၈.၂.၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀)နာရီအချိန်အထိ ကျေးရွာသူ/သား (၈၀) ဦးခန့်ကို သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် မုန့်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆပ်သေကျေးရွာအုပ်စု၊ ဘုရားကြီးဒေါင့်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၅)ပုံး/(၁၆) မျိုးပါ (၂)ပုံး တန်ဖိုး (၂၇၆၄၇၁/-) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀ဝ/-)ကျပ် နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂၅၀ဝ/-) ကျပ်၊ စုစု ပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၇၅၂၅၀ဝ/-)ကျပ်တို့အား (၁၈-၂-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၁၆-၂-၂၀၂၀)ရက်နေ့ ၊ (၂၁၄၅)အချိန်၌ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ ဝင်းဖရကျေးရွာအုပ်စု၊ တောင်ပလောင်ကျေးရွာအပိုင်းတွင် ပျဉ်ကာ၊ပျဉ်ခင်း ၊ သွပ်မိုးနေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး လူ(၂)ဦး သေဆုံးခဲ့ပါသည်။ အဆိုပါမီးဘေးကြောင့် သေဆုံးသူ(၂)ဦးအတွက် ထောက်ပံငွေ (၆၀၀၀၀ဝိ/-)နှင့် အိမ်ထောင်စု(၁)စု ၊ လူဦးရေ(၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု (၁)စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၄၂၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀ဝိ/-)၊ စုစုပေါင်း(၈၀၄၂၀ဝိ/-)အား (၁၈-၂-၂၀၂၀)ရက်နေ့၊ (၁၂း၀၀)အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #krn_feb2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၈-၂-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ ကျိုက်မရောမြို့နယ်၊ လက်ပန်ကျေးရွာ၊ အခြေပညာအလယ် တန်းကျောင်း၌ သဘာဝဘေးအန္တရယ်ဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးခြင်းနှင့် စပ်လျဉ်း ၍ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာနေ ပြည်သူစုစုပေါင်း(၁၀၀)ဦးဖြင့် ဟောပြောဆွေးနွေးခဲ့ပါကြောင် သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb2020
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၂၀) ရက်နေ့ တွင် မြို့သစ်ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အိမ်အမှတ် (မ|သ-၇၃ ) ၌ ဖြစ်ပွားသေား မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သော အိမ်ခြေ (သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း) အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း(၁)အိမ်ထောင်စာတို့အား (၁၈-၂-၂၀၂၀) ရက်နေ့ နေ့လည်(၁၃:၃၀) နာရီချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ (၁၈.၂.၂၀၂၀)ရက်နေ့ (၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာရှိ ရပ်ရွာပြည်သူ(၆၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူ များကို လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_feb2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ ဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ စာကြည့်တိုက်၌ (၁၈-၂-၂၀၂၀)ရက်နေ့(၁၀း၃၀)နာရီအချိန်မှ(၁၁း၃၀)နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သားစုစုပေါင်း(၆၀)ဦးခန့်. တက်ရောက်ခဲ့ပြီး သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ရှောင်ရန်အချက်များဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၁၈-၂-၂၀၂၀)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၅၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု(၁)စု တန်ဖိုးငွေ (၈၀၇၀၆/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု(၁)စု တန်ဖိုးငွေ(၄၀၃၅၃/-)ကျပ်အား (၁၈-၂-၂၀၂၀)ရက်နေ့(၁၀း၃ဝ)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mon_feb 2020
-
မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀)ရက်နေ့၊ မွန်းတည့် (၁၂:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ဆင်စုရပ်ကွက်၊ ဘုရားနီလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-)ကျပ် ၊ စုစုပေါင်းထောက်ပံ့ ငွေ(၃၁၈၉၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၂)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ် စတစ်ပုံး(၂)ပုံးတို့အား (၁၈-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #bgo_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီချိန်တွင် ပုံပါကျင်မြို့၊ အ.လ.က.ကျောင်းရှိ ကျောင်းသား/ကျောင်းသူ ( ၂၀၀ )ဦးအား မီးဘေးနှင့် အခြား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်းများ ဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_feb 2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









