လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီချိန်တွင် ပုံပါကျင်မြို့၊ အ.လ.က.ကျောင်းရှိ ကျောင်းသား/ကျောင်းသူ ( ၂၀၀ )ဦးအား မီးဘေးနှင့် အခြား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်းများ ဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_feb 2020
Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)