Category Archives: News
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၈-၂-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ် ၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါတကလဲ ကျးရွာတွင် သောက်သုံးရေဂါလံ (၁၂၀၀)အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_feb2020
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၈-၂-၂၀၂၀) ရက်နေ့၊ ဖရူဆိုမြို့နယ် ၊ ကေးလျားကျေးရွာအုပ်စု၊ ထီးသဲကူးကျေးရွာတွင် သောက်သုံးရေ ဂါလံ (၃၂၀၀) အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_feb2020
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၂-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ် ၊ ကေးလျားကျေးရွာအုပ်စု၊ ထီးဗျားညေကျေးရွာတွင် သောက်သုံးရေ ဂါလံ(၃၂၀၀)အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_feb2020
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၂-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ် ၊ ကေးလျားကျေးရွာအုပ်စု၊ ကေးလျားကျေးရွာတွင် သောက်သုံးရေ ဂါလံ(၁၂၀၀)အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_feb2020
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)ပုံး (၃၂၃၅၃/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၀၆၃၀၀/-)ကျပ်အား (၂၈-၂-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချာင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၂၆၀ဝ/-)ကျပ်၊ အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၂၆၀ဝ/-)ကျပ်အား (၂၇-၂-၂၀၂၀)ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် ကမ်းပြို ဘေးသင့်ပြည်သူ များ လက်ဝယ်သို့အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_feb 2020
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ပြည်သူသို့ပန်ကြားချက်
ဖေဖော်ဝါရီလလယ်မှ မေလလယ်ထိ အချိန်ကာလသည် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ် နိုင်သည့် ကာလဖြစ်ပါသည်။ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာ၀တီ၊ ပဲခူးတိုင်း ဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးဖြစ်ပွား လေ့ရှိပါ သည်။ ပျက်စီးဆုံးရှုံးမှုများလျော့နည်းသက်သာစေရေးအတွက် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ အိမ်များ အားဖြည့် ပြင်ဆင်ပေးခြင်းတို့ကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် အောက်ပါ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်- နေအိမ်အဆောက်အဦများ၏ ခိုင်ခံ့မှုကိုစစ်ဆေးပါ။ လေဒဏ်ခံနိုင်စေရေးအတွက် အမိုး၊ အခင်း၊ အကာများတွင် … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ဖေဖော်ဝါရီ ၂၈၊ နေပြည်တော် မြန်မာနိုင်ငံတွင် နှစ်စဉ် ဖေဖော်ဝါရီလလယ်ပိုင်းခန့်မှစ၍ မေလလယ်ခန့်အထိ လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်လေ့ရှိရာ လေပြင်းဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်း သက်သာစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ နှစ်စဉ်လေပြင်းတိုက်ခတ်မှုများကြောင့် အိုးအိမ် အဆောက်အဉီများ ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း၊ ၂၀၁၆ခုနှစ်၊ ၂၀၁၇ခုနှစ်၊ ၂၀၁၈ခုနှစ်တို့တွင် တစ်နှစ်လျင် ပျမ်းမျှအားဖြင့် အိမ်ပေါင်း (၄၃,၀၀၀)ကျော် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၂၀)ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့စိန့်ယောဟန်စခန်းရှိ တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု (၆၀) စု၊ လူဦးရေ (၃၁၆) ဦးတို့အတွက် (၃,၇၇၅,၅၀၀/-)ကျပ်တန်ဖိုးရှိ စားနပ်ရိက္ခာ(၁)လစာ၊ (ဆန် (၉၈) အိတ် (၁၈) ပြည်၊ ဆီ (၁၂၀) ပိဿာ၊ ပဲ (၁၂၀) ပိဿာ၊ ဆား (၆၀) ပိဿာ) အား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့်အတူ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေပေါက်ကျေးရွာအုပ်စု၊ ရေပေါက်ကျေးရွာ၌ (၂၈-၂-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်၌ ကျေးရွာနေပြည်သူ(၁၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









