လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ပြည်သူသို့ပန်ကြားချက်

1 2 3 4 5 6 7 8 9 10

  • ဖေဖော်ဝါရီလလယ်မှ မေလလယ်ထိ အချိန်ကာလသည် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ် နိုင်သည့် ကာလဖြစ်ပါသည်။ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာ၀တီ၊ ပဲခူးတိုင်း ဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးဖြစ်ပွား လေ့ရှိပါ သည်။
  • ပျက်စီးဆုံးရှုံးမှုများလျော့နည်းသက်သာစေရေးအတွက် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ အိမ်များ အားဖြည့် ပြင်ဆင်ပေးခြင်းတို့ကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။
  • ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် အောက်ပါ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်-
  • နေအိမ်အဆောက်အဦများ၏ ခိုင်ခံ့မှုကိုစစ်ဆေးပါ။
  • လေဒဏ်ခံနိုင်စေရေးအတွက် အမိုး၊ အခင်း၊ အကာများတွင် ထောက်တန်းများ၊ ဒေါက်တိုင်များကို လိုအပ်သလို ဖြည့်စွက်ဆောင်ရွက်ပါ။ အဆက်နေရာများတွင် ချောင်ထွက်မနေအောင် ဆောင်ရွက်ပါ။ ယိုင်နဲ့၊ ယိုယွင်းမှုများကို ပြုပြင်အစားထိုးပါ။
  • မြေဝင်အိမ်တိုင်များ သိပ်သည်းကျစ်လစ်စေရန် တိုင်ဖိနပ်ပတ်လည်တွင် မြေဖို့ပါ။
  • သွပ်မိုးအစွန်နေရာများတွင် သွပ်သံစိပ်စိပ်ရိုက်ပါ။ ဓနိ/သက္ကယ်မိုးများတွင် ဝါးရာဇမတ်ကွက် (ကြက်နင်း)ဖြင့်အုပ်မိုးပါ။ သွပ်နန်းကြိုး/နှီး စသည်တို့ဖြင့် ခိုင်မြဲစွာ ချည်နှောင်ပါ။
  • သက်ဆိုင်ရာဌာနများအလိုက် ထုတ်ပြန်ကြေညာသော မိုးလေဝသတင်းများ၊ အကြံပြုချက် များ၊ သတိပေးချက်များကို လိုက်နာဆောင်ရွက်ပါ။ အခြားသူများကိုလည်း မျှဝေပေးပါ။
  • သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ် သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံ နိုင်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

Sign Up

Upcoming Events