Category Archives: News
-
သောက်သုံးရေ ဖြန့်ဝေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ (၅.၃.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ ခေါင်းစောင်းကျေးရွာသို့ သောက်သုံးရေ ဂါလံ(၁၂၀၀)အား လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ဒူကျေးရွာသို့ သောက်သုံးရေ ဂါလံ (၃၂၀၀)အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kyh_mar2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ ရုံးဆောက်လုပ်ခြင်းဆိုင်ရာလုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၃-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်၊ မြဝတီ(၂)လမ်း၊ ဦးပိုင်အမှတ်၊ (၉၄၊၉၅)(၆၀’x၁၂၀’) (၀.၁၆)ဧက၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံး ဆောက်လုပ်ရန်ကိစ္စနှင့်စပ်လျဉ်း၍ တင်ဒါအောင်မြင်သည့် မြင့်မိုရ်စံထားကုမ္ပဏီမှ ရုံးဆောက်လုပ်ခြင်းလုပ်ငန်းဆိုင်ရာ ကိစ္စများအား ရှင်းလင်းပွဲအခမ်းအနားကိုကျင်းပခဲ့ရာ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ တင်ဒါအောင်ကုမ္ပဏီမှ … Read more
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိတ္ထီလာမြို့၊ အောင်ဆန်းရပ်ကွက်၊ မြို့သစ်ရပ်တွင်(၅-၃-၂၀၂၀) ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ(၁) လုံးမှအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ လူ(၃) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၉၆,၃၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး၊ တစ်အိမ် ထောင်စာတို့ကို (၆-၃-၂၀၂၀) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့ အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_mar202 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာအုပ်စု၊ သဲကောကြီးကျေးရွာ၌ (၆-၃-၂၀၂၀) ရက်နေ့၊ (၀၁:၅၉)အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂,၇၀၀,၀၀ဝ/-) ကျပ်၊ လူဉီးရေ(၅၃)ဉီးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၁,၃၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁၅)စုစာတို့ကို (၆-၃-၂၀၂၀) ရက်နေ့၊(၁၀:၃၀) နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_mar2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာ၌ ဘုန်းတော်ကြီးကျောင်းတွင် (၆.၃.၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီမှ (၁၂:၃၀)နာရီအချိန်အထိ ကျေးရွာသူ/သား (၃၀၀) ဦး ခန့်ကို သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သော အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် မုန့်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက္ကသာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ (၆-၃-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)အချိန်မှ (၁၁:၃၀)အချိန်အထိ ကျေးရွာနေပြည်သူ (၁၀၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆.၃.၂၀၂၀)ရက်နေ့ (၀၉း၀၀)နာရီအချိန်မှ (၁၁း၀၀)နာရီအချိန်ထိ ကလေးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာနှင့် သင်တန်းဆရာမ၊ သင်တန်းသူစုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းပေးပို့ရရှိပါသည်။ #ar #sgg_mar2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ နှင့် UNCTFMR တို့၏ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
၂၀၂၀ ပြည်နှစ်၊ မတ်လ ၅ ရက်၊ နေပြည်တော် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်ကော်မတီဝင်များနှင့် UNCTFMR ဘက်မှ UNICEF, UNRCO, ILO, Save the Children , UNHCR, WFP, World … Read more
-
မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် (၆)ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
မတ် ၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံ အဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန (Ministry of Land, Infrastructure, Transport and Tourism- MLIT) သည် သဘာဝဘေးစီမံခန့်ခွဲမှု ဆိုင်ရာလုပ်ငန်းရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် (Memorandum of Cooperation- MoC) ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး … Read more
-
လေပြင်ဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၃-၂၀၂၀) ရက်နေ့ နေ့လည်(၂:၀၀) နာရီ အချိန်တွင် မကျည်းကုန်းကျေးရွာအုပ်စု၊ နတ်အိမ်ကမ်း ကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး၊ နေအိမ်များ အားဖြည့်ပြုပြင်ခြင်းအား ပုလောမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_mar2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









