Category Archives: News
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀)ရက်နေ့ (၁၃:၃၀)အချိန်၌ မိုးညှင်းမြို့၊ စိန်ပတ်ထရိတ်IDPs စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် အောင်သပြေ-၃ရပ်ကွက်ရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား Handspeaker ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်းနှင့် စိန်ပတ်ထရိတ်တိုက်ပွဲရှောင်အိမ်ထောင်စု(၁၂)စုအတွက် (၁)အိမ်ထောင်စုလျှင် ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_mar2020 Source: မိုးညှင်းခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညောင်ဦးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့ (၁၀:၀၀)နာရီတွင် ညောင်ဦးမြို့နယ်အတွင်းရှိ အမှတ်(၆)ရပ်ကွက်၊ အောင်မြေသာရပ်၊ တက်သိမ်းရပ်၊ အရှေ့ဖွားစောကျေးရွာ၊ သူဌေးကန်ကျေးရွာ၊ ဖျောက်ဆိပ်ပင်ကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာနှင့် သန့်စင်ကြယ်ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mdy_mar2020 Source: ညောင်ဦးမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀)ရက် (၁၄:၁၅)နာရီတွင် စစ်တွေမြို့၊ ဆေးသမားကြီး IDPs Camp နေ ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်များအား မြို့နယ်မီးသတ်ဦးစီးဌာန၊ Camp ကော်မတီဝင်များနှင့်ပူးပေါင်း၍ အသိပေးဆော်သြခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_mar2020 Source: ရခိုင်ပြည်နယ်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့ (၀၉:၃၀)နာရီအချိန်မှ စတင်၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာနှင့် ဆိပ်ဖူးမြောင်ကျေးရွာများသို့ သွားရောက်ပြီး COVID-19 ရောဂါ ကူးစက်ပျံ့ နှံ့မှု မဖြစ်ပွားစေရန်အတွက် ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ကျေးရွာသူ/ကျေးရွာသားများအား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: ကန့်ဘလူခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ သူနာပြုသင်တန်း ကျောင်းအုပ်ကြီးတို့နှင့် ပူးပေါင်း၍ (၂၈-၃-၂၀၂၀)ရက်နေ့တွင် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ချင်းပြည်နယ်၊ ဖလမ်းမြို့အတွင်း လှည့်လည်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #chn_mar2020 Source: ဖလမ်းခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကရင်ပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃ -၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ် ၊ မြိုင်ကြီးငူအထူးဒေသရှိ မြတ်ပန်းဝတ်မှုံနှင့် အေးလင်းမြတ်ရှင် တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_mar2020 Source: ကရင်ပြည်နယ်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့တွင် ရွှေဘိုမြို့၊ မြို့မဈေးထိပ်နှင့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့တွင် ပြန်/ဆက်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ Youth Club အသင်းတို့နှင့် ပူးပေါင်းပြီး Covid-19 ကာကွယ်ရန်အတွက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးကြေငြာခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: ရွှေဘိုခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့် အတူပူးပေါင်း၍ (၂၈-၃-၂၀၂၀) ရက်နေ့တွင် ကျွန်းချောင်းကျေးရွာအုပ်စု၊ ယုဇနကျေးရွာနှင့် ဂုံမင်းမြစ်တန်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို Hand Speaker များဖြင့် ကျေးရွာအတွင်းလှည့်လှည်၍ အသိပေးနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈-၃-၂၀၂၀) ရက်နေ့(၁၀:၃၀)မှ စတင်ပြီး ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်နှင့်ဆင်ပေါင်ဝဲအနီးရှိ ကျေးရွာများတို့တွင် သုံးဘီးဆိုင်ကယ်ဖြင့်အသံချဲ့စက်များတင်ဆောင်ကာ COVID -19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား ကြော်ငြာခြင်း ဖြန့်ဝေခြင်း ပြည်သူအသိပညာပေးလုပ်ငန်းများအား ပြုလုပ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_mar2020 ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့ (၀၇:၃၀)မှ စတင်ပြီး မကွေးမြို့နယ်၊ အောင်မေတ္တာ(က၊ခ၊ဂ၊ဃ)ရပ်ကွက်(၄)ခုသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ #ar #mgy_mar2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









