လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ သူနာပြုသင်တန်း ကျောင်းအုပ်ကြီးတို့နှင့် ပူးပေါင်း၍ (၂၈-၃-၂၀၂၀)ရက်နေ့တွင် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ချင်းပြည်နယ်၊ ဖလမ်းမြို့အတွင်း လှည့်လည်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#chn_mar2020
Source: ဖလမ်းခရိုင်ဉီးစီးမှူးရုံး(ဘစမ)