Category Archives: News
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ် မြို့ မြို့မဈေးကြီးရှေ့နှင့် မြို့ပေါ်ရှိရပ်ကွက်များအားလုံးသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက် အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_mar2020
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် (၁၃:၀၀)နာရီအချိန်မှ (၁၄:၂၀) နာရီအချိန်အထိ ကျောက်ဖြူမြို့နယ်၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို Hand Speaker ဖြင့်လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #rke_mar2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့တွင် (၁၂:၀၀)နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်အထိ ကျောက်ဖြူမြို့မစျေး၊ မြစ်နားတန်းရပ်ကွက်ရှိ စက်လှေဆိပ်၊ အစိုးရရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် အနောက်ပိုင်းရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို Hand Speaker ဖြင့်လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #rke_mar2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid -19 ကူးစက်ရောဂါနှင့် ပက်သက်၍ သိရှိလိုက်နာဆောင်ရွက်ရန်များကို အသိ ပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ (၂၉-၃-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ တောင်းအင်ကျေးရွာ၊ မှန်ပင်ကျေးရွာနှင့် ကံထူးကျေးရွာများတွင် Covid -19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားနိုင်စေရန်အတွက် အများပြည်သူများ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက် ရန်များကို အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ၊ လက်ကမ်းစာဆောင်ဝေငှခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀)ရက်နေ့ (၀၉၄၅)အချိန်ခန့်၌ နန့်မွန်းမြို့၊ ရွှေလက်ပံကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၈၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ (၁)အိမ်ထောင်စုစာအား (၂၉-၃-၂၀၂၀)ရက်နေ့(၁၃၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_mar2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံမြို့၊ အာခါစျေးနှင့် ကားကြီးကွင်းများအတွင်း၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ မြန်မာ၊ ရှမ်း ၊အာခါ ၊လားဟူ ဘာသာစကားများဖြင့် အသိပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #shn_mar2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် ကြီးနီ၊ ရွာသစ်၊ ဆူးတော၊ ညီးစု၊ လက်ပံကျွန်းကျေးရွာ၊ စလေ၊ အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၅) ရပ်ကွက်တို့၌ ပြည်ပမှပြန်လာသော ပြည်သူများအား covid 19 ကာကွယ်ထိန်ချုပ်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ် covid19 ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_mar2020
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ပျဉ်ထောင်တွင်းကျေးရွာ၊ သပြုကုန်းကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #ayy_mar2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid -19 ကူးစက်ရောဂါနှင့် ပက်သက်၍ သိရှိလိုက်နာဆောင်ရွက်ရန်များကို အသိ ပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်( ၂၈- ၃- ၂၀၂၀ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ မော်လိုင်မြို့နယ်အတွင်းရှိ ညောင်သပြေ ကျေးရွာ ၊ ညောင်ဝန်းကျေးရွာနှင့် လောင်းကောင်းကျေးရွာများတွင် Covid -19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားနိုင်စေရန်အတွက် အများပြည်သူများ အလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်ရန်များကို အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ၊ လက်ကမ်းစာဆောင် ဝေငှခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: … Read more
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် ချောက် မြို့နယ်၊ အမှတ် (၅/၆/၇/၈) ရပ်ကွက်များတွင် covid 19 ကာကွယ်ထိန်ချုပ်နိုင်ရေးအတွက် အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_mar2020









