COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် ကြီးနီ၊ ရွာသစ်၊ ဆူးတော၊ ညီးစု၊ လက်ပံကျွန်းကျေးရွာ၊ စလေ၊ အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၅) ရပ်ကွက်တို့၌ ပြည်ပမှပြန်လာသော ပြည်သူများအား covid 19 ကာကွယ်ထိန်ချုပ်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ် covid19 ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#mgy_mar2020

Sign Up

Upcoming Events