Author Archives: Thandar Aung

  • သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ခြင်း

    ================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်းနှင့် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်သန္တာရွှေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများအား ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ … Read more

  • ငလျင်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း

    ================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် အထက(၁)ဖယ်ခုံမြို့၌ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအား ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၈၀၀) ဦးအား ငလျင်ဘေးအသိပညာပေးဟောပြောခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများပြသခြင်းနှင့် ပညာပေး ဗီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား ဖွင့်လှစ်ခြင်း

    ================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ကရင်ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် အဆိုပါသင်တန်းသည် (၁၇-၁၂-၂၀၁၈) ရက်နေ့မှ (၂၁-၁၂-၂၀၁၈) ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

    ================================================= Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီမှ  (၁၂း၃၀) နာရီအချိန်ထိ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ကျင်ခွါးကျေးရွာအုပ်စု၊ ဒါအိုချိန်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဘေးမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ/ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားနေစဉ် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားပြီးနောက်ဆောင်ရွက်ရမည့်နည်းလမ်းများကို ဟောပြောပို့ချခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ စုစုပေါင်း (၅၇)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ဘေး(၈)မျိုး အသိပညာပေးလက်ကမ်းစာစောင်များ … Read more

  • မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့ခြင်း

    ================================================= Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက်၌ (၁၄-၁၂-၂၀၁၈) ရက်နေ့၊ ည (၂၁း၁၀) နာရီအချိန်တွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုကြောင့် ပျက်စီးသွားသော နေအိမ် (ဓနိမိုး/ဝါးထရံကာ/ဝါးခင်း)(၁)လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)နှင့် လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၇)ပြည်တို့အား (၁၆-၁၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • ခရိုင်အဆင့်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ပေါင်းစပ်ညှိနှိုင်းမှုအစည်းအဝေး ကျင်းပခြင်း

    ================================================= Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (Myanmar Preparedness Partnership-MPP)တို့                  ပူးပေါင်း၍ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ပေါင်းစပ်ညှိနှိုင်းမှု အစည်းအဝေးအား (၁၄-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ YCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

  • အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုအတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ခရိုင်အဆင့် မိတ်ဖက်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပခြင်း

    ================================================= Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (Myanmar Preparedness Partnership-MPP)တို့ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုအတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ခရိုင်အဆင့် မိတ်ဖက်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားအား (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်မှ (၁ရး၀၀) နာရီအချိန်ထိ ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ YCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါကြောင်း သိရှိရပါသည်။

  • ဖလမ်းခရိုင်အတွင်းရှိ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးဖိုရမ်ကျင်းပခြင်း

    ================================================= Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (Myanmar Preparedness Partnership-MPP)တို့                  ပူးပေါင်း၍ ဖလမ်းခရိုင်အတွင်းရှိ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးဖိုရမ်အား (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ YCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။

  • ပညာသင်စရိတ်ထောက်ပံ့ခြင်း

    ================================================= Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရေကြည်ရပ်ကွက်ရှိ နေခြည်လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား/သူ(၁၃)ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ငွေ(၇၅,၀၀၀ိ/-)အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events