Author Archives: Thandar Aung
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၈) ဖွင့်လှစ်ခြင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၈)အား သင်တန်းသား/သူ (၅၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး (၂၁-၁၂-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနားအား ကျင်းပခဲ့ပြီး ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေက အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ်များပေးခြင်းနှင့် သင်တန်းသား/သင်တန်းသူကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်နေ ဒေါ်ကျင်ပုအသက် (၇၁) နှစ် နေအိမ်၌ (၂၁-၁၂-၂၀၁၈) ရက်နေ့၊ (၁၉း၂၀) နာရီအချိန်တွင် လျှပ်စစ်ပလပ်ခုံ အပူလွန်ကဲရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၁) လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀ိ/-) နှင့်လူဦးရေ (၆) ဦးအတွက် ၇ ရက်စာ ဆန်ဖိုးငွေ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
================================================= Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွပ်၌ လူဦးရေ (၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေးအခြေခံသင်တန်း (၁/၂၀၁၈) တွင် တက်ရောက်လျက်ရှိသော သင်တန်းသား သင်တန်းသူများနှင့်အတူ ကွင်းဆင်းလေ့လာခြင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးလျော့ပါးရေးအခြေခံသင်တန်း (၁/၂၀၁၈) တွင် တက်ရောက်လျက်ရှိသော သင်တန်းသား သင်တန်းသူ (၅၀) တို့နှင့်အတူ (၂၀-၁၂-၂၀၁၈) ရက်နေ့တွင် သာဝတ္ထိကျေးရွာအုပ်စု၊ ကြံခင်း၊ ကွက်သစ်၊ စက်ရုံစုကျေးရွာများသို့ သွားရောက်ကွင်းဆင်းလေ့လာခြင်းများ ပြုလုပ်ခဲ့ပြီး (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
================================================= Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၁း၀၀) နာရီမှ (၁း၄၅) နာရီအထိ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စုန်းကျင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျေးရွာနေပြည်သူ (၈၃) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲြ့ပီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းတွင် ပါဝင်သည့် ဘာသာရပ်တစ်ခုဖြစ်သော ရပ်ရွာလူထုအခြေပြု သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို သင်တန်းသား သင်တန်းသူများ သိရှိနားလည်သဘောပေါက်စေရန် ကွင်းဆင်းလေ့လာခြင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၁၇-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းတွင် တက်ရောက်လျက်ရှိသော သင်တန်းသား သင်တန်းသူ (၅၀) ဦးအား (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် အဆိုပါသင်တန်း၏ ဘာသာရပ်တစ်ခုဖြစ်သော ရပ်ရွာလူထုအခြေပြု သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို သိရှိနားလည်သဘောပေါက်စေရန်အတွက် မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်အုပ်စု၊ လွယ်ဆောင်ကျေးရွာသို့ ကွင်းဆင်းလေ့လာပြီး ဘေးအန္တရာယ်ပြမြေပုံရေးဆွဲခြင်း၊ အားနည်းချက်များ၊ အားသာချက်များ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ သံတောင်မြို့၊ အ.ထ.က(သံတောင်) ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၄၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန် ရှောင်ရန်များအား အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးခြင်း
================================================= Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်မှ (၁၃း၀၀) နာရီအချိန်ထိ ဟားခါးမြို့နယ် သီဖူလ်းကျေးရွာ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူ အင်အား (၃၅) ဦးတို့အား ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကျေးရွာအတွင်း ချိတ်ဆွဲနိုင်ရေးအတွက် ဘေး(၈)မျိုးပါ နံရံကပ်ပိုစတာများကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာအုပ်စု၊ သံဘိုကျေးရွာ၌ (၁၈-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀ိ/-) အား (၂၀-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၃၀) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်း
================================================= Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၈) ရက်နေ့တွင် ဗန်းမောက်မြို့နယ် အောင်သာကုန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၂၀၀) ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ၊ ဆပ်ပြာခဲများနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
