Author Archives: Thandar Aung
-
ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ကျင်းပခြင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Myanmar Preparedness Partnership (MPP) နှင့်ပူးပေါင်း၍ (၂၈-၁၂-၂၀၁၈) ရက်နေ့တွင် ဘားအံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွက် လုပ်ငန်းတာဝန်များ (Terms of Reference –TOR) ရှင်းလင်းတင်ပြခြင်းနှင့် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ခရိုင်အဆင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များ (Terms of Reference … Read more
-
သဘာဝဘေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း
================================================= Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်မှ (၁ရး၀၀) နာရီအချိန်ထိ ကောလင်းမြို့နယ်၊ ရေကန်သာကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာတွင် ကျေးရွာသူ ကျေးရွာသား (၅၀) ဦးအား သဘာဝဘေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့်သက်ဆိုင်သော အသိပညာပေးဟောပြောခြင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမသို့ သွားရောက်၍ သဘာဝဘေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့်သက်ဆိုင်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ပါကြောင်းနှင့် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီဝင်များ၊ ပြည်သူလူထု (၁၀၀) ဦးခန့်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ကလေးမြို့နယ်၊ သဖန်းအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ရာ ကျေးရွာသူ/သားစုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ တက်ရောက်သူများထံ လက်ကမ်းစာစောင်များနှင့် ငလျင်နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: စစ်ကိုင်းတိုင်ဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်မှ (၁၄း၀၀) နာရီအထိ ရေဦးမြို့နယ် မြင်းပေါက်ကျေးရွာရှိ ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များအား ရွာသူ ရွာသား (၁၅၀) ဦးတို့အား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခြင်းတို့ဖြစ်ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်မှ (၁၃း၀၀) နာရီအထိ လွိုင်ကော်မြို့နယ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှိ သင်တန်းသား၊ သင်တန်းသူ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
================================================= Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် MPP နှင့်ပူးပေါင်း၍ (၂၇-၁၂-၂၀၁၈) ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ အစည်းအဝေး၌ ကော်မတီဝင်များနှင့် CSO လူမှုရေး အဖွဲ့အစည်းများမှ သဘာဝဘေး မဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း
================================================= Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအထိ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၌ ကျေးရွာသူ/သား အင်အား (၃၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ ကုက္ကိုစုကျေးရွာ၌ (၂၅-၁၂-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀ိ/-)၊ စုစုပေါင်းလူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၃၁၅၀၀ိ/-) အား (၂၆-၁၂-၂၀၁၈) … Read more
-
မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်ဖေါ်ဆောင်ရေး အမျိုးသားအဆင့် လမ်းညွှန်ချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်
================================================== ဒီဇင်ဘာ ၂၆၊ နေပြည်တော်————– မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အမျိုးသားအဆင့်လမ်းညွှန်ချက် (National Guideline) ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ လူမှုရေးကဏ္ဍဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှု ကာကွယ်စောင့်ရှောက်ရေးတို့ကို ဖွံ့ဖြိုးအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် မသန်စွမ်းသူများ၏ … Read more
