Author Archives: Thandar Aung
-
သဘာဝဘေးအသိပညာပေး ဟောပြောခြင်း
================================================= Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၉) ရက်နေ့တွင် ကော့သောင်းမြို့၊ သီရီမြိုင်ရပ်ကွက်၌ ရပ်ကွက်သူ/သား (၇၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေး ဟောပြောခြင်း
================================================= Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်မှ (၁၄း၀၀) နာရီအချိန်ထိ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဂွကလေးကျေးရွာအုပ်စု၊ ဂွကလေးကျေးရွာဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ရာ ရွာသူ ရွာသား (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေး ဟောပြောခြင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်မှ (၁၁း၃၀) နာရီအချိန်ထိ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ (၆၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ကွမ်းအုံကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာ၌ (၁၀-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ ၇ရက်စာ ရန်ပုံငွေ (၁၂၆၀၀) … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ (၁၂-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ ၇ရက်စာ ရန်ပုံငွေ (၁၆၈၀၀) … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ နားပြိန်းကျေးရွာအုပ်စု၊ (နားပြိန်း၊ နားပုံ၊ ကောင်းဟုန်း) ကျေးရွာများနှင့် ကျွဲကုန်းကျေးရွာအုပ်စု၊ (လွယ်ပွန်း၊ နားထွမ်) ကျေးရွာတို့မှ ကျောက်မဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ နမ့်စစ်လင်းဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွေ့ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု(၃၉)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် လူဦးရေ (၁၂၃) ဦးအတွက် ဆန်ဖိုး(၇)ရက်စာ ရန်ပုံငွေ (၂၅၈,၃၀၀)ကျပ်အား (၁၃-၂-၂၀၁၉) ရက်နေ့တွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
တောင်နဝင်းတမံရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ခေါင်းဆောင်များအတွက် သဘာဝဘေးလျော့ပါးရေးနှင့် ရေဘေးရှာဖွေကယ်ဆယ်ရေးဆိုင်ရာ (၅)ရက်သင်တန်း ဖွင့်လှစ်နိုင်ရေးနှင့် ဟင်္သာတမြို့ရှိ သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ တိုင်းဒေသကြီး/ပြည်နယ်များမှ သဘာဝဘေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း
================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် (၁၃-၂-၂၀၁၉) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ Myanmar Blue Sky Rscue Development Council မှတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တောင်နဝင်းတမံရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ခေါင်းဆောင်များအတွက် သဘာဝဘေးလျော့ပါးရေးနှင့် ရေဘေးရှာဖွေကယ်ဆယ်ရေးဆိုင်ရာ (၅)ရက်သင်တန်း ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းခြင်း၊ ဟင်္သာတမြို့ရှိ သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ တိုင်းဒေသကြီး/ပြည်နယ်များမှ သဘာဝဘေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း
================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်မှ (၁၀း၃၀) နာရီအချိန်ထိ တာလေမြို့နယ်၊ ဝမ်ကောင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသားစုစုပေါင်း (၅၀) ဦး တတ်ရောက်ခဲ့ပါသည်။ တာဝန်ရှိသူများက တက်ရောက်သူများထံ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၂-၂၀၁၉) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မှိုဟင်းတောကျေးရွာ၌တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၆)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၆) အိမ်ထောင်စာနှင့် လူဦးရေ(၂၄)ဦးအတွက် ဆန်ရိက္ခာ(၁)လစာဖိုး (၂၁၆ဝဝဝ) ကျပ်တိတိကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းပင်မတမံနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
============================================== ဖေဖော်ဝါရီလ ၁၂၊ နေပြည်တော် ————– ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလများအတွင်း ပေါက်ခေါင်းမြို့ အနီးဝန်းကျင်တွင် အင်အားအနည်းငယ်နှင့် အင်အားအသင့်အတင့်ရှိသည့် ငလျင်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းပင်မတမံ၏ ထိပ်မျက်နှာပြင် တွင် အလျားလိုက်နှင့် အပေါ်အောက် အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့ဦးဆောင်၍ တာဝန်ရှိသူများနှင့် (၁၁-၂-၂၀၁၉)ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီး ဌာန၌ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ညှိနှိုင်းအစည်းအဝေးတွင် … Read more
