Author Archives: Thandar Aung
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်၌ (၁၄-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၆,၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး (၁) … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောခြင်း
================================================= Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲခရိုင်င်ကြက်ခြေနီအသင်းနှင့့််ပူးပေါင်း၍ (၁၆-၂-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီအချိန်မှ (၁၄း၀၀) နာရီအချိန်အထိ သံတွဲမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေဆံတော်တောင်ခြေဓမ္မာရုံ၌ အမှတ်(၄)နှင့် အမှတ်(၅) ရပ်ကွက်သူ/များအား ငလျင်ဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ရပ်ကွက်သူ/သား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ် မင်္ဂလွန်းကျေးရွာအုပ်စု ခမွန်မြန်မာစုကျေးရွာ၌ (၁၃-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၀၅၀၀) ကျပ်နှင့် လေးထောင့်ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး (၁) အိမ်ထောင်စာနှင့် Family Kit (၁) ပုံးတို့အား (၁၅-၂-၂၀၁၉) … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးမြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူခြင်း
================================================= Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား ပြည်သူများ သိရှိစေရန်အတွက် (၁၅-၂-၂၀၁၉) ရက်နေ့တွင် မုံရွာမြို့၊ ဘူတာရုံရှေ့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးမြေစိုက်ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ပါကြောင်း သိရှိရပါသည်။
-
မိုးခေါင်ရေရှားဘေးအပါအဝင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ရွာငံမြို့နယ် နမ့်ခုံးကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၌ မိုးခေါင်ရေရှားဘေးအပါအဝင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၁၇၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် အဆိုပါကျေးရွာအတွင်း မိုးရေသိုလှောင်ထားရှိသည့် ရေကန်အခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
=============================================== ဖေဖော်ဝါရီ ၁၅၊ နေပြည်တော်——————- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံရှိ (၁၂) လရာသီများ၌ တပို့တွဲလသည် အအေးဓါတ် အမြင့်ဆုံးကာလဖြစ်ပြီး အသားအရေ အဆီဓာတ် ခန်းခြောက်ချိန်ဖြစ်ကာ ဆီနိုင်သော အပူဓာတ်စာ ထမနဲကို စားသုံးခြင်းဖြင့် အသားအရေ စိုပြေလာစေခြင်း၊ ထမင်းနဲထိုး ပြိုင်ပွဲကြောင့် ဝန်ထမ်းများ ချစ်ကြည်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းလာစေပြီး မြန်မာ့ရိုးရာဓလေ့ ဖြစ်သော ထမင်းနဲထိုးပွဲကိုအစဉ်အလာမပျက်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ … Read more
-
စက်ရေတွင်းနှင့် ရေစင်များဖွင့်လှစ်ပေးသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခြင်း
================================================= Source: ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးဌာန (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့တွင် နွေရာသီ၌ သောက်သုံးရေရှားပါးမှုကြုံတွေ့ရသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းတောင်းကျေးရွာနှင့် ဒညင်းကုန်းကျေးရွာများအတွက် သောက်သုံးရေအခက်အခဲမရှိစေရန် စက်ရေတွင်းနှင့် ရေစင်များဖွင့်လှစ်ပေးသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာရပ်မိရပ်ဖများ၊ စက်ရေတွင်းတူးဖော်ရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါစက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေမှ ကျေးရွာ (၁) ရွာလျှင် ထောက်ပံ့ငွေ … Read more
-
လေဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲဲကျင်းပခြင်း
================================================= Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်များ၌ လေဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းကြိုတင်အသိပေးညှိနှိုင်းဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ CSOs အဖွဲ့အစည်းများနှင့် NGO များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေး ဟောပြောခြင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉) ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြည်သူလူထု (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေး ဟောပြောခြင်း
================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်မှ (၁၄း၀၀)နာရီအချိန်ထိ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ (၂၀) ရပ်ကွက်၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
