
=================================================
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ရွာငံမြို့နယ် နမ့်ခုံးကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၌ မိုးခေါင်ရေရှားဘေးအပါအဝင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၁၇၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် အဆိုပါကျေးရွာအတွင်း မိုးရေသိုလှောင်ထားရှိသည့် ရေကန်အခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။