Author Archives: Thandar Aung
-
မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၉)ရပ်ကွက်နေ ကမ်းပြိုဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၉)ရပ်ကွက်၊ ယမုံနာလမ်း၌ (၃-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဘိုး (၁၄၇၀၀ိ/-)၊ စုစုပေါင်း (၁၁၄၇၀၀ိ/-) တိတိအား (၄-၅-၂၀၂၀)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
ကလေးမြို့နယ်၊ ပျဉ်းတောဦးကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ပျဉ်းတောဦးကျေးရွာ၌ (၄-၅-၂၀၂၀) ရက်နေ့၊ (၀၄:၄၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆၃၀၀) ကျပ်တိတိအား (၄-၅-၂၀၂၀) ရက်နေ့၊ (၁၂:၄၅) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးခန်း၌ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုအတွင်း သောက်သုံးရေများ သွားရောက်ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ကျေးရွာနှင့် ဒေါပဲ့ဒူကျေးရွာများသို့ သောက်သုံးရေဂါလံ (၁၄၀၀) စီအား သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မော်လိုက်မြို့နယ်၊ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ သာနန်းတောကျေးရွာနှင့် ခုန်သာကျေးရွာများ၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့်အတူ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လယ်ဝေးမြို့နယ်အတွင်း လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သပြေပင်အုပ်စု၊ ငွေတောင်ကျေးရွာ၌ (၂-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၅၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၁၆၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၆၆၈၀ဝိ/-) တိတိအား (၃-၅-၂၀၂၀) ရက်နေ့၊ (၁၅:၅၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_may2020 … Read more
-
ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်ပစ္စည်းများ ပေးပို့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်) မှ (၂-၅-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူအသိပညာပေးလုပ်ငန်းများနှင့် IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် အသုံးပြုနိုင်ရန်အတွက် Surgical Mask (၃၀၀၀၀) ခု၊ Hand Gel (၃၉၄၆၀) ဘူး၊ အဝတ်Mask (၅၀၀၀) ခု၊ အပူချိန်တိုင်းကိရိယာ (၁၀၀) ခု၊ Hand Speaker (၁၂၃) ခုနှင့် Memory Stick 8GB (၁၆၄) ခုတို့အား … Read more
-
ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်နေရာများ၌ ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၃-၅-၂၀၂၀)ရက်နေ့၊ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်နေရာများ၌ ယာဉ်ဖြင့် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာနှင့် ဖြူဘကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၃:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာနှင့် ဖြူဘကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကန့်ဘလူမြို့နယ်၊ တင်မော်ကျေးရွာအုပ်စုနှင့် ကံကြီကျေးရွာအုပ်စုများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ တင်မော်ကျေးရွာအုပ်စု၊ ပုဏ္ဏားကြီးကျေးရွာနှင့် ကံကြီကျေးရွာအုပ်စု၊ ကံကြီး(အရှေ့) ကျေးရွာ၊ ကံကြီး(အနောက်) ကျေးရွာ၊ ပေါက်ဆိန်ကုန်းကျေးရွာများသို့သွားရောက်၍ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိုးကြိုးဘေး၊ လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပေါင်မြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့တွင် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ မုတ္တမ-ကျွဲခြံကျေးရွာ၊ သဲဖြူကုန်းကျေးရွာနှင့် ကျက်ခေတ်ငူကျေးရွာများအတွင်းရှိ ပြည်သူလူထုအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်းနှင့် ဗီနိုင်းများပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
