လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ တင်မော်ကျေးရွာအုပ်စု၊ ပုဏ္ဏားကြီးကျေးရွာနှင့် ကံကြီကျေးရွာအုပ်စု၊ ကံကြီး(အရှေ့) ကျေးရွာ၊ ကံကြီး(အနောက်) ကျေးရွာ၊ ပေါက်ဆိန်ကုန်းကျေးရွာများသို့သွားရောက်၍ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိုးကြိုးဘေး၊ လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)