Author Archives: Thandar Aung
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံတွင် ယခုကာလအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း များဖြစ်ပွားလျက်ရှိရာ (၂၇-၅-၂၀၂၀)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ နေအိမ်(၂)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး၊ သာယာဝတီနှင့် နတ္တလင်းမြို့နယ်တို့၌ နေအိမ်(၆၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ ချောက်၊ မကွေး၊ မြို့သစ်၊ ရေနံချောင်း၊ နတ်မောက်၊ မင်းဘူးနှင့် စလင်းမြို့နယ်တို့၌ နေအိမ်(၁၂)လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၃၁)လုံးနှင့် ဘာသာရေး အဆောက်အဦ(၅)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ … Read more
-
COVID-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ အိုကေကျေးရွာအုပ်စု ဒေါတဆေးကျေးရွာ၊ ဒေါဘူးကူးကျေးရွာအုပ်စု ဒေါပီတကျေးရွာ၊ ဒေါလျားလီကျေးရွာ၊ ဒေါဘူးကူးကျေးရွာ၊ ဒေါသဲကျေးရွာနှင့် စည်းလင်းကျေးရွာ၊ ကြာဖူးဒေါကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကွင်းနောက်ရပ်ကွက်၊ နီလာလမ်း၌ (၂၆-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးခဲ့သည့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၃)စုရှိ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၄၁၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး(ပလပ်စတစ်ပုံးအပါ)(၃)အိမ်ထောင်စာတို့အား (၂၇-၅-၂၀၂၀)ရက်နေ့၊ နေ့လည်(၀၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_may2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာအုပ်စု၊ လွိုင်နန်းဖကျေးရွာ၊ တေးဂေခိုကျေးရွာ၊ စီစန်းခိုကျေးရွာ၊ လော်ခိုသာကျေးရွာ၊ လိုဘေခိုကျေးရွာနှင့် ဆိုလဖဲခိုကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စု၊ နာကွယ်ကျေးရွာ၊ မိုက်တိန်းကျေးရွာဆုံကျေးရွာနှင့် ဘုရားဖြူကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ညောင်တုန်းမြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးအသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လောင်းလုံမြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ ရဘဲကျေးရွာ၊ ကျောက်မတ္တပ်ကျေးရွာနှင့် ကြက်လွတ်ကျးရွာတို့၌ လော်စပီကာ၊ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန် ရှောင်ရန်အချက်များအား Hand Speaker ဖြင့် လှည့်လည်အသိပညာပေးခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သာပေါင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ (၂၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀ဝိ/-)၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၈၄၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၅၈၄၀ဝိ/-)အား (၂၆-၅-၂၀၂၀) ရက်နေ့၊ (၁၈:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများ ကို ပံ့ပိုးကူညီနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Source: MOSWRR ~~~~~ ၂၆ မေ၊ နေပြည်တော် ~~~~~ နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ Quarantine Center များနှင့် COVID-19 ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသော စေတနာ့ဝန်ထမ်းများ ကို လိုအပ်သော ပံ့ပိုးကူညီမှုများပေးနိုင်ရန် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးသည် ယနေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများသို့ နေ့ချင်းပြန်အသီးသီးသွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့များ၊ … Read more
-
ချင်းပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ
Source: MOSWRR ~~~~~ မေလ ၂၆ ရက်၊ နေပြည်တော် ~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ (၂၄-၅-၂၀၂၀) ရက်နေ့တွင် ချင်းပြည်နယ်၊ ဆမီးမြို့ရှိ သာသနာ့ဝေပုလ္လဘုန်းတော်ကြီး ကျောင်း၊ လမ်းဦးစီးဝန်ထမ်းအိမ်ရာ၊ (အ.လ.က)လိပ်ကုန်း၊ … Read more
